episode 31

7K 481 31
                                    

က​လေးအ​တွေး......episode 31
=======================

" နီးစပ်​ခွင့်​​လေး​တွေ​မျှော်​ရင်းနဲ့ အနားနားကမင်း​ပျောက်​သွားခဲ့
ရူးသွပ်​ခဲ့​နေ့ရက်​တိုင်းမှာ ကျခဲ့တဲ့မျက်​ရည်​များစွာ....
  ကြည်​နူးခြင်း​တွေ အ​ရောင်​​ပြောင်းလဲ
  ဒါ​တွေအိပ်​မက်​တစ်​ခုလိုပဲ အလွမ်း​တွေနဲ့တစ်​​ယောက်​ထဲ
  မင်း​လေးထားသွားခဲ့ပြီပဲ........."

သချင်းသံဆုံးသည်​နှင့်​ pause ကိုနှိပ်​ပြီး အစမှ မြတ်​ထန်​ပြန်​ဖွင့်​လိုက်​သည်​။ သီချင်းတစ်​ပိုဒ်​ထဲကို အထပ်​ထပ်​အခါခါနား​ထောင်​ဖြစ်​​နေသည်​မှာ ဘယ်​နကြိမ်​မှန်း မ​ရေတွက်​နိုင်​​တော့....။

သချင်းသံ ပြန်​စသည်​နှင့်​ ကားပြတင်းတံခါးမှန်​ကို ဖွင့်​ချလိုက်​ကာ....
အပြင်​သို့ စူးစူးစမ်းစမ်း​လေးကြည့်​မိသည်​။

လမ်းမကြီး၏ ခပ်​​ဝေး​ဝေးမလှမ်းမကမ်းတွင်​ လူငယ်​တစ်​စုက ကားလမ်းမကိုပိတ်​ကာ ​ဘောလုံးကန်​ကစား​နေကြသည်​။ ထိုကသား​နေသူများထဲတွင်​ ကြည်​သာတို့လဲအပါအဝင်​​ပေါ့......။ သို့ရာတွင်​ သက်​တန့်​​သွေးဆိုသည့်​ လူငယ်​​လေးက​တော့ ကားလမ်းတစ်​ဖက်​က ပလက်​​ဖောင်း​ပေါ်တွင်​ထိုင်​ကာ​ဘောလုံးပွဲကို​ငေး​နေ၏။ ​ဘောလုံးပွဲကို​ငေး​နေသည်​ဆို​သော်​လဲ သူ့အကြည့်​သည်​သာ ​ဘောလုံးပွဲ၌ရှိ​နေခြင်းသာ.....စိတ်​က​တော့တစ်​ခြား​နေရာသို့​ရောက်​​နေ၏။ ဘယ်​ဆီကို​ရောက်​​နေသည်​ကို​တော့ သက်​တန့်​​သွေးသာသိနိုင်​​ပေလိမ့်​မည်​။

"င​သွေးလာ​လေ....ငါတို့ဘက်​ကတစ်​​ယောက်​လို​နေတာ လာဝင်​ကန်​ပါလား....."

ငိုင်​​နေ​သော သက်​တန့်​က ​ခေါင်းတစ်​ချက်​​မော့ကာ ပြုံးတုံ့တုံ့​လေးပြုံးရင်း.....

"မင်းတို့ဘာသာကန်​ပါကြည်​သာရာ....ငါမှမကန်​တတ်​တာ....."

"အ​ပျော်​သ​ဘောကန်​တာပဲ...မင်းကလဲဘာဖြစ်​တာမို့လို့....စိတ်​ကိုဒီအတိုင်းအကျဉ်းချ​နေ​တော့မှာလား......လာ......."

ကြည်​သာက​ပြောရင်းဆိုရင်း ထိုင်​​နေ​သောသက်​တန့်​ကို တွဲကာထူမ၏။ သက်​တန့်​က အတင်း​ကျောက်​ကန်​ကာငြင်း​နေသည်​။
စိတ်​နှင့်​ကိုယ်​မကပ်​သည့်​အ​ခြေအ​နေတွင်​ သူဘာမှမလုပ်​လို.....။
လွမ်း​နေ၏....။ သူမြတ်​ထန်​ကိုလွမ်း​နေပါ၏။ လွမ်း​နေခြင်းကို လွမ်း​နေသည့်​အ​ခြေအ​နေ၌သာ သူရှိ​နေချင်​သည်​။ အလွမ်းပြတ်​လတ်​သွားမည်​ကို သူမဖြစ်​​စေလို....။ ခုချိန်​ မြတ်​ထန်​အတွက်​သူတတ်​နိုင်​သည်​က လွမ်းခြင်းသာဖြစ်​သည်​မဟုတ်​ပါလား....။ ခန္ဓာကိုယ်​နှင့်​မ​ပေးဆပ်​နိုင်​သည့်​အချိန်​တစ်​ခုတွင်​....စိတ်​ဖြင့်​သာ အလွမ်း​တွေကိုတစ်​ခမ်းတစ်​နားကြီး​ပေးဆပ်​ပြစ်​လိုက်​မည်​ဟု သက်​တန့်​က​တွေးထားသည်​ထင်​ပါ၏။

က​လေးအ​တွေးWhere stories live. Discover now