episode 26

7.8K 493 49
                                    

က​လေးအ​တွေး....episode26
=====================

သံ​ယောဇဉ်​ဆိုသည်​က ဖြတ်​သင့်​သည်​အချိန်​​ရောက်​ရင်​ဖြတ်​ရ​ပေမည်​။

လှည့်​ထွက်​သင့်​သည့်​အချိန်​အခါကျ​ရောက်​လာပြန်​​တော့ သက်​တန့်​ဧည့်​ခန်းအတွင်းမှ​နေ၍ ကြည်​သာတို့နှင့်​အတူ ထမင်းစားခန်းအတွင်းသို့ဝင်​ခဲ့သည်​။ သူ​ကျောခိုင်းထားနှင့်​၍ ရှိုက်​သံသဲ့သဲ့ကိုလဲ မြတ်​ထန်​ကြားလိုက်​မည်​ဟု မထင်​ခဲ့ပါ...။ အစကိုသာသိ၍ အဆုံးကိုမသိရ​သော သူ၏ဖြစ်​တည်​မှုအလုံးစုံတွင်​ သူဘယ်​သူ့ကိုအပြစ်​တင်​ရမည်​မှန်းလဲ သက်​တန့်​မသိ...။ ​သေချာတာတစ်​ခုက​တော့ ကိုယ့်​ကိုယ်​ကိုသာအပြစ်​တင်​​နေမိသည်​။ အထူးသဖြင့်​ မချစ်​သင့်​သည့်​သူကို နှစ်​နှစ်​ကာကာပင်​ သူတစ်​​ယောက်​ထဲမြင်​​တော့သည်​အထိ ချစ်​ခဲ့မိသည့်​ သူ့နှလုံးသားကို သက်​တန့်​အပြစ်​မြင်​ဆုံးဖြစ်​သည်​။

မြတ်​ထန်​၏ ​ရှေ့က​တော့သူလှည့်​ထွက်​ခဲ့ဖြစ်​သည်​။ ဘယ်​အချိန်​ မြတ်​ထန်​ နှလုံးသားထဲက လှည့်​ထွက်​ရမလဲဟုသာ သက်​တန့်​ဆက်​​စောင့်​စိုင်း​နေမိ​တော့သည်​။ ခုထိ​တော့ သူ့မြတ်​ထန်​၏ ​လောင်းရိပ်​​အောက်​မှ​ပြေးထွက်​ရန်​ အင်​အားမရှိ​သေး​ပေ...။

ဆိတ်​ငြိမ်​သွား​သော ဧည့်​ခန်းအတွင်း ​ကျောခိုင်းလှည့်​ထွက်​သွား​သော သက်​တန့်​၏​ကျောပြင်​ကိုသာ မြတ်​ထန်​​ငေးကြည့်​​နေမိသည်​။ ပတ်​ဝန်းကျင်​မှာတိတ်​ဆိတ်​​နေ၏။ သို့​သော်​သူ့ရင်​ခွင်​အတွင်း​တော့ဗ​လောင်​ဆူ​နေ၏။

"ဒီကာလအတွင်းအဆင်​​ပြေရဲ့လားကိုမြတ်​...."

တိုးတိုးညှင်းညှင်းထွက်​လာ​သော နှင်း၏စကားကိုကြားရ​တော့ မြတ်​ထန်​သူ၏အ​တွေးများကိုပြန်​လည်​ကာစုစည်းလိုက်​သည်​။

"​ပြေပါတယ်​...."

မြတ်​ထန်​က နှင်းဝတ်​ရည်​၏အ​မေးကို စိတ်​ထဲသိပ်​မပါ သံ​ယောင်​လိုက်​ကာ​ဖြေလိုက်​သည်​။ သူ၏စိတ်​ခံစားချက်​တစ်​ရပ်​လုံးက သက်​တန့်​အ​နောက်​သာပါသွား​လေပြီ...။ ကြိုးစားမည်​ဟူ​သေယအရာအားလုံးသည်​လဲ အချည်းနှီးသာ စစ်​မဝင်​ခင်​မြှားကကုန်​နှင့်​​လေပြီ....။

က​လေးအ​တွေးWhere stories live. Discover now