episode 44

5.2K 399 70
                                    

က​လေးအ​တွေး....episode 44
=====================

သက်​တန့်​၏ ဖမ်းဆွဲလိုက်​မှု​ကြောင့်​ မင်းမြတ်​ဘုဏ်းသည်​ သက်​တန့်​ဘက်​သို့ အရှိန်​ဖြင့်​ပါသွားပြီး အရှိန်​ဖြင့်​​ပြေးလာ​သောသက်​တန့်​က
ကားဆီသို့ဦးတည်​ကာ အရှိန်​မသတ်​နိုင်​ဖြစ်​သွားရသည်​။

"ဟာ...ညီ...သက်​တန့်​...."

အရှိန်​မထိန်းနိုင်​​သောသက်​တန့်​ကို သူက မှီမိမှီရာ လည်​ပင်းကိုဖက်​လျက်​ပြန်​ကာဆွဲလိုက်​သည်​။ ကားလမ်း​ပေါ်သို့ မင်းမြတ်​ဘုဏ်းသည်
ပတ်​လန်​လှန်​လျက်​လဲကျသွားပြီး....သူ့အ​ပေါ်သို့သက်​တန့်​က သူဖက်​လျက်​သားပင်​ပြိုယိုင်​လဲကျလာသည်​။ ကားလမ်းကိုအရှိန်​ဖြင့်​​ပြေး​ဆောင့်​မှု​ကြောင့်​ ​အောင့်​သက်​သက်​ခံစားရပြီး ညီးညူရင်း သူထထိုင်​လိုက်​သည်​။ ​ကြောက်​စိတ်​​ကြောင့်​ သက်​တန့်​သည်​ သူ့ရင်​ခွင်​အတွင်း သတိ​မေ့လျက်​သား​လေးဖြစ်​ပင်​....။

"ညီ...သက်​တန့်​........"

မျက်​လုံးပြူးမျက်​စံပြူးဖြင့်​ သူရူးတစ်​​ယောက်​ပမာ မင်းမြတ်​ဘုဏ်းက သက်​တန့်​၏ပါးပြင်​ကိုလှုပ်​နှိုး​နေ​ပေသည်​။ သို့​သော်​သက်​တန့်​သည်​ အသိမကပ်​​ပေ...။

"ညီ...ညီဘာမှမဖြစ်​ရဘူး​နော်​...ကိုယ့်​​ကြောင့်​ညီဘာမှမမဖြစ်​ရဘူး....
ညီသာတစ်​ခုခုဖြစ်​ရင်​ ကိုယ်​ရင်​ကျိုးမှာ...ညီ​ရေ...ကိုယ်​​ခေါ်​နေတယ်​​လေ...ညီ......."

မင်းမြတ်​ဘုဏ်းသည်​ ညာဘက်​လက်​ဖဝါးဖြင့်​ သူ့မျက်​ရည်​များကိုသုတ်​ရင်း ဘယ်​ဘက်​လက်​​ပေါ်ရှိ သက်​တန့်​ကိုလှုပ်​နိုးကာ ရှိုက်​ကြီးတငင်​ငို​ကြွေး​နေ​လေသည်​။

"ညီ​ရေ....ကိုယ်​​ခေါ်​နေတာကြားရဲ့လားညီရယ်​....သတိရပါ​တော့​နော်​....ကိုယ်​ရူးရပါ​တော့မယ်​...ကိုယ့်​အမှား​တွေပါ....ကိုယ်​မိုက်​လို့ညီခုလိုဖြစ်​ရတာ...ကိုယ်​​တောင်းပန်​ပါတယ်​...သတိရပါ​တော့......"

ရှေ့​နောက်​မညီ​သောစကားများကိုဆိုရင်း မင်းမြတ်​ဘုဏ်းသည်​ သက်​တန့်​၏နဖူး​ပေါ်သို့သူ့ပါးပြင်​ကို အပ်​ကာ က​လေးတစ်​​ယောက်​လိုအသံထွက်​​အောင်​ငို​ကြွေး​နေသည်​။ စူးစမ်းကြည့်​​နေ​သော ပတ်​ဝန်းကျင်​ကိုလဲ သူအ​ရေးမစိုက်​နိုင်​အား​တော့​ပေ...။

က​လေးအ​တွေးWhere stories live. Discover now