ကေလးအေတြး....episode 33
-=====================ညေ မှာင်မှောင်အောက်တွင် ကြယ်ရောင်ပြိုးပျက်ပျက်များကို သက်တန့်တစ်ယောက်ထဲ ဝရန်တာထွက်ကာရေတွက်ဖြစ်နေသည်။
ရေတွက်ရင်းရေတွက်ရင်း ကြယ်တစ်ခုခြင်းဆီတိုင်းကို မြတ်ထန်ဟု သူကအမည်ပေး၏။ သူမျက်နှာမူရာအရပ်တိုင်းတွင် မြတ်ထန်ကိုရှိနေစေချင်သည့်အတွက် မြင်လေရာအရပ်တိုင်းရှိ ကြယ်လေးတွေကို မြတ်ထန်အဖြင့် သူခံစားမိသည်။ ခံစာမှုတိုင်းက စို့နင့်နေသည်။
နာကျင်စရာများကစို့နင့်နေသောအခါ....နာကျင်နေပါသည်ဟုပင်ဆိုဖွယ်ရာစကားမရှိ...။ အမှန်တကယ်တော့ စကားမရှိခြင်းထပ် နာကျင်ခြင်းကိုစာမမှီခြင်းဖြစ်သည်။ကျွီ.....
ကားတစ်စီးက သူ့ဆိုင်အရှေ့သို့လာရပ်သောအခါ စူးစမ်းချင်စိတ်များဖြင့် သက်တန့်အောက်သို့ငုံ့ကြည့်လိုက်သည်။ ပြတင်းမှန်တံခါးတဖြေးဖြေးလျှောကျသွားသည်နှင့် လွမ်းမြမြ မြတ်ထန်၏မျက်နှာကို လမ်းမီးရောင်အောက်တွင် သူပီပီပြင်ပြင်မြင်တွေ့လိုက်ရပါသည်။
ပထမစစတော့ အလွမ်းပြေယုံ ဝမ်းသာယုံရှိသော်လဲ....ထိုဝမ်းသာမှုများကို သက်တန့်ဦးနှောက်ကအလိုလိုတားဆီးပိတ်ပင်လိုက်သည်။ နှလုံးသားရဲ့အလိုကို ဦးနှောက်ကလက်မခံပေ....။
ရင်ခွင်တစ်ခုလုံးလစ်ဟာသွားသလို မောဟိုက်သွားရပြီး အိမ်ခန်းအတွင်းပြန်ဝင်ရန် သက်တန့်ကနောကိလှည့်လိုက်စဉ် ဖုန်းringtone ကမြည်လာလေသည်။
"ဟဲလို....."
"ဟဲလိုကလေး...ကိုယ်ပါမြတ်ထန်..ကလေးကိုယ့်ဖုန်ူကိုမကိုင်မှာဆိုးလို့...ဖုန်ူနံပတ်အစိမ်းနဲ့ခေါ်လိုက်တာပါ....."
"ဦးနဲ့ကျနော့်ကြားပြောစရာစကားမရှိတော့ဘူးထင်တယ်...."
"ဟို...နောက်ဆုံးအနေနဲ့ အိမ်အောက်ထပ်ကိုခနဆင်းလာပေးပါကွာ...ကိုယ်ပြောစရာလေးတွေရှိလို့ပါ...တောင်းဆိုတာမဟုတ်ပါဘူးတောင်းပန်တာပါနော်...ခနဆင်းလာပေးပါ....."
YOU ARE READING
ကလေးအတွေး
Romanceကျွန်တော့်အတွေးတစ်စသည် အမှားဖြစ်ခဲ့သည်ရှိသော်... သူနှင့်တွေ့ဆုံလိုက်ရမှုကြောင့် ထိုအတွေးများကို ကျွန်တော်မြတ်နိုးသည်။ #သက်တန့်သွေး သံယောဇဉ်သည်ရစ်ပတ်တွယ်တတ်မှန်း သိသော်လဲ ဖြတ်မရဆိုသည်ကိုတော့ ကျွန်တော်မယုံခဲ့ချေ...