epi 1 unicode

3.4K 86 3
                                    

ကလေး အတွေး....(part 1)
----------------------------

တစ်မျှော်တစ်ခေါ် တစ်ဖြောင့်တည်း တည်ရှိသောလမ်းမကြီး၏
လမ်းတစ်ဖက်တစ်ချက်ဆီတွင် မလေးရှးပိတောက်ပင်မ်ားက အစီအရီပေါက်ရောက်နေသည်။လေတိုက်တိုင်းပင်လုံးကျွတ်ညွတ်ကွေးသွားမှုကြောင့် ခက်လက်အရွက်မ်ားက တစ်ဖြူးဖြူးလေးကြွေကျကာလာသည်။ရွက်ကြွေများကြောင့် လမ်းမကြီးနှင့်မလေးရှားပိတောက်ပင်ကြားရှိ ပလက်ဖောင်းပေါ်တွင် ရွက်ဝါမ်ားက ဝါဝါစိုစိုလေးဖြစ်နေသည်။ထိုပိတောက်ပင်တန်းအောက်တွင် ကြံရည်ဆိုင်တစ်ဆိုင်ကထီးထီးကြီးတည်ရှိနေသည်။ကြံရည်ဆိုင် လေးသည် သစ်သားစားပြဲပုလေး ငါးခုံမျှခင်းထားသော အသေးစားဆိုင်လေးရှိသည်။အမိုးအကာမရှိသော်လဲ ပိတောက်ရိပ်ကြောင့်အေးမြလှသည်။စားပွဲဝိုင်းတစ်ခုတွင် လူငယ်အပေါင်းအပါတစ်စုကာထိုင်လျက်သားစုနေပြီး တစ်ယောက်ယောက်ကိုမျှော်နေသည်။

''သက်တန့်ကလဲကြာလိုက်တာဟာ....သူ့အိမ်မွာဘာတွေကွိုင်နေပြန်ပြီလဲမသိဘူး.....''

ကြည်သာ၏ စိတ်မရှည်တော့သည့်အနေအထားတစ်ခုကို ထုတ်ပြလိုက်သောစကားကို ထက်နေနှင့်မာလာက ''အေးဟာ...''ဟုပြောရင်းထောက်ခံသည်။

မျှော်မဆုံးသောလမ်းမကြီးကို ငေးလျက် သက်တန့်အလာကို လည်ပင်းရှည်မတတ်စောင့်ဆိုင်းနေရင်း ထက်နေက အားတက်သယောစကားဆိုပြန်သည်။

''ဟော ဟိုမှာလာပြီ....''

ထက်နေ စကားကြောင့် ကြည်သာနှင့် မာလာက လမ်းမအဆုံးကိုစူးစူးစမ်းစမ်းလေးကြည့်မိသည်။ခေါင်းငုံ့လျက် တစ်ခုခုကို တစ်တွတ်တွတ်ရွတ်ဆိုရင်း ပလက်ဖောင်းပေါ်မှ ပိတောက်ရွက်ကြွေများကို စိတ်မထင်လျှင် တစ်ခါတစ်လေ စွတ်ကန်လျက် ခပ်တော့တော့လေး သက်တန့်ကလျှောက်လာသည်။ကြံရည်ဆိုင်အရှေ့ရောက်သည်နှင့် သက်တန့်က လျှောက်လှမ်းမှုကိုခြေဆုံရပ်ကာ စူးစူးစိုက်စိုက်ဖြင့် ကြည်သာတို့အားကြည့်သည်။သက်တန့်၏အကြည့်သည် တစ်ခုခုကိုအလိုမကျမှုများကြောင့် စူးရှလွန်းနေသည်။သက်တန့်အကြည့်ကြောင့် ထက်နေ၊ကြည်သာနှင့် မာလာပါလန့်ဖြန့်သွားရသည်။

က​လေးအ​တွေးWhere stories live. Discover now