episode 10

10.4K 625 35
                                    

က​လေးအ​တွေး.....episode 10
-------------------------------

ဒုန်း......

''အာ့........''

ဆောင့်​ဆွဲလိုက်​သည့်​အရှိန်​​ကြောင့်​.....သက်​တန့်​သည်​ ကမ်းစပ်​ကအုတ်​တံတိုင်း​စောင်းနှင့်​ ရင်​ဘက်​ကဝင်​တိုက်​မိကာ နာကျင်​မှုဒဏ်​​ကြောင့်​ ညီးညူမိ၏။ဒီပုံဆို.....မြတ်​ထန်​ သူ့အ​ပေါ်တအား​ဒေါသထွက်​​နေပြီမှန်းသက်​တန့်​သိသည်​။မာလာ၊ထက်​​နေနှင့်​ ကြည်​သာတို့က စားပွဲဝိုင်းတွင်​သာထိုင်​လျက်​ ခပ်လှမ်းလှမ်းရှိ​​​သက်​တန့်​တို့နှစ်​​ယောက်​ကို စိုးရိမ်​တကြီးဖြင့်​ကြည့်​​နေသည်​။

နာကျင်​မှု​ကြောင့်​ သက်​တန့်​ရင်​ဘက်​ကိုလက်​နှင့်​ဖိရင်း...မြတ်​ထန်​ကိုမျက်​နှာချင်းမဆိုင်​ရဲကာ ​ခေါင်းကိုငုံထားသည်​။ကြောက်​ရွံ့ထိတ်​လန့်​မှုကိုအမြဲတန်းဖြတ်​​ကျော်​လာရ၍ လူကထုံပင်​ထုံလာကာ.......ဖြစ်​သမျှကိုရင်​ဆိုင်​ရမည့်​သတ္တိများကိုသာ ​ကြောက်​စိတ်​အစား ဦး​နှောက်​ကတွန်းထိုး​ပေး​နေသည်​။

''မင်းဟာဘယ်​လိုလူလဲသက်​တန့်​​သွေး.......''

''ဟုတ်​....''

''မင်းမှာလူကျင့်​ဝတ်​မရှိဘူးလား...ဟမ်​......လူတစ်​​ယောက်​အ​ကြောင်းကိုသူ့​နောက်​ကွယ်​မှာအဲ့လိုပြီးစလွယ်​​ပြောရလား....ဟမ်​.....မင်းအဲ့​လောက်​​တောင်​နားမလည်​ဘူးလား......''

ဒေါသ​ကြောင့်​ မြတ်​ထန်​၏အသံသည်​ တင်းမာသထက်​တင်းမာလာသည်​။မြတ်​ထန်​၏ မျက်​နှာကို ​မော်​မကြည့်​​သော်​လဲ မြတ်​ထန်​၏အ​ခြေအ​နေကို သူ့အသံမှတစ်​ဆင့်​ သက်​တန့်​က အကဲခတ်​သိ​နေသည်​။

''ဟုတ်​......''

သက်​တန့်​က ​ကြောက်​ရွံ့မှု​ကြောင့်​တစ်​ခွန်းထဲ​သောစကားကိုသာဆို​နေသည်​။

''မင်းဟာစကားကိုလက်​လွတ်​စပယ်​ ​ပြောတတ်​တဲ့​ပေါက်လွှတ်​ပဲစား​လေးပဲ...'

ကျွတ်​.....သက်​တန့်​စိတ်​ထဲပင်​ စုတ်​သတ်​လိုက်​သည်​။အပြင်​မှာ​တော့မသတ်​ရဲ​ပေ...။လူကသာလူဂုဏ်​ထန်​ဖြစ်​​ပေမဲ့ လူတစ်​​ယောက်​ကိုထိုးနှက်​​သောစကားများသည်
ယဉ်​​ကျေးသ​ယောင်​နှင့်​ ရိုင်းလှသည်​။

က​လေးအ​တွေးWhere stories live. Discover now