episode 35

8.4K 485 43
                                    

က​လေးအ​တွေး....episode 35
=====================

"​ဖေ​ဖေကျ​နော်​တို့​ရောက်​ပါပြီ....."

ကျောလှည့်​ကာထိုင်​​နေ​သော ဦးတင်​ကိုကိုက မြတ်​ထန်​အသံကြားရသည်​နှင့်​ သူတို့ဘက်​သို့မျက်​နှာမူကာပြန်​လှည့်​လိုက်​သည်​။ဂုဏ်​ကြီးရှင်​အသိုင်းအဝိုင်းပီသစွာ ဟိတ်​ဟန်​အပြည့်​ဖြစ်​ ထိုင်​​နေ​သော ဦးတင်​ကိုကိုကိုမြင်​ရသည်​နှင့်​ သက်​တန့်​ရင်​ထဲဒိုးဒိုးဒိတ်​ဒိတ်​​လေးဖြစ်​သွားရသည်​။

"​အေး...မင်း​ပြောတဲ့​ကောင်​​လေးဆိုတာသူလားမြတ်​ထန်​...."

မြတ်​ထန်​သည်​ ချက်​ချင်းစကားမပြန်​ပဲ....သက်​တန့်​၏လက်​ကိုအရင်​ဖမ်းဆုပ်​ကိုင်​၏။ ပြီး​နောက်​​ခေါင်းကို​ဘေးသို့အနည်းငယ်​လှည့်​ကာ ယုံကြည်​ကိုးစားနိုင်​ဖွယ်​အပြည့်​ပါ​သော စူးရှ​တောက်​ပသည့်​မျက်​ဝန်းများဖြင့်​ သက်​တန့်​အားစိုက်​ကြည့်​ရင်း.....

"ဟုတ်​တယ်​​ဖေ​ဖေ....ဒါကျ​နော့်​ချစ်​သူ....သက်​တန့်​​သွေး....."

သက်​တန့်​က​တော့ ရင်​ဖိုလှိုက်​​မောရင်း အသံမထွက်​​အောင်​သက်​ပြင်းကိုအကြိမ်​ကြိမ်​ချ​နေမိ​လေရဲ့.....။

"မင်းတို့လူငယ်​လူရွယ်​​တွေရဲ့ ထူးဆန်းတဲ့အချစ်​​တွေကိုငါမကန့်​ကွက်​သလို လက်​လဲမခံချင်​ဘူး.....ဒါ​ပေမဲ့ မင်းက ငါ့သားဖြစ်​​နေ​တော့ ငါယုံကြည်​​အောင်​​တော့လုပ်​​ပေးရလိမ့်​မယ်​...."

"ဟုတ်​....​ဖေ​ဖေ...."

"ဒါမင်းကိုငါအခွင့်​အ​ရေး​ပေးတာမဟုတ်​ဘူး.....ငါ့အခွင့်​အ​ရေးကိုငါယူတာ...... "

ဘာဖြစ်​ဖြစ်​ သူ့ဘက်​တွင်​ကံတရားကမျက်​နှာသာ​ပေးသည့်​အတွက်​ မြတ်​ထန်​၏အသံက အားပြည့်​ဝ​နေသည်​။

"ဟုတ်​ ​ကျေးဇူးတင်​ပါတယ်​​ဖေ​ဖေ......."

"​ကျေးဇူးတင်​မ​စောနဲ့ဦး....ငါယုံကြည်​မှုရ​အောင်​ မင်းတို့နှစ်​​ယောက်​ကို စမ်းစစ်​မယ်​..."

"ဟုတ်​......"

မြတ်​ထန်​သည်​ ဦးတင်​ကိုကိုစကားကို အလိုက်​သင့်​ပြန်​​ပြောရင်း သက်​တန့်​၏လက်​ဖဝါးကိုတင်းကြပ်​​အောင်​ဖမ်းဆုပ်​၍ထားသည်​။

က​လေးအ​တွေးWhere stories live. Discover now