11.1

63.4K 1.9K 62
                                    

11.1

ကျိုးယွင်ရှန့်ဟာ ထွက်ပေါက် ရှာဖို့ကြိုးစားရင်း အရင် နတ်ဘုရား ကမ္ဘာမှာ အချိန်အကြာကြီး ကုန်ဆုံးခဲ့ရတယ်။

သူ့အနေနဲ့ မရည်ရွယ်ဘဲ နတ်ဘုရားခန္ဓာ ရရှိပြီးတဲ့နောက် သူ့ဝိညာဉ်က Joshua ခန္ဓာထဲ ပိတ်မိနေတာက သူ့အတွက် နောက်ထပ်ကမ္ဘာကို ကူးဖို့ အဟန့်အတား ဖြစ်စေတယ်။

အဲဒါက ဘာနဲ့တူလဲဆိုတော့ လူတယောက်လုံး ဖန်ပုလင်းထဲ ရောက်နေတာကို ကျောက်တုံးလေးကိုင်ထားရင်း ဖန်ပုလင်းကိုခွဲဖို့ကြိုးစားသလိုမျိုးပဲ ......

ဒါပေမဲ့ တစ်နေ့မှာ ရုတ်တရက် ဖန်ပုလင်းကနေ သတ္တု နဲ့လုပ်ထားတဲ့ ပုလင်းဖြစ်သွားတဲ့အခါ အဲဒီမှာ လိုတာက ကျောက်တုံးမဟုတ်တော့ဘူး။ အဲဒါထက် ပို သန်မာတဲ့ လက်နက် လိုအပ်လာတယ်။

ကျိုးယွင်ရှန့်ဟာ ဒီကမ္ဘာက မဟုတ်တဲ့အတွက် သူ့စွမ်းအားတွေက တိုးမလာနိုင်ဘူး။ ဒါပေမဲ့လဲ နတ်ဘုရားအဖြစ်နဲ့ ခြေချုပ်မိနေတယ်။

အဲဒါကြောင့် Adounis က နတ်ဘုရားစွမ်းအားကို သူ့ကိုယ်ထဲ ပြန်ယူဖို့ ကြိုးစားတောင် နောက်ဆုံးမှာတော့ မအောင်မြင်ခဲ့ဘူး။ သူဟာ ဒီကမ္ဘာရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိမနေဘူး။

[T/N ::: Adounis က Arc 10 က daddy name ပါ တနည်းအားဖြင့် God of Light ပါ]

အဲဒီအကြောင်းကြောင့် ကျိုးယွင်ရှန့်က သူ့ချစ်သူဟာ သူနဲ့မတူဘူးဆိုတာကို လေ့လာတွေ့ရှိခဲ့တယ်။

သူဟာ ဒီအတိုင်း ဝိညာဉ်တခု မဟုတ်နိုင်ဘူး။ သူ့မှာ Lord God နဲ့ တူတဲ့ အရမ်းကို မြင့်တဲ့ data တွေနဲ့ ဖွဲ့စည်းထားတယ်။

အဲဒါကြောင့် သူ သွားတဲ့နောက်ကို သူ့ချစ်သူက တောက်လျှောက် လိုက်လာနိုင်တာပဲ။

ကျိုးယွင်ရှန့်ဟာ သူထွက်သွားလို့ရမဲ့ နည်းလမ်းကို အပူတပြင်း ရှာတော့တယ်။

နောက် မဟူရာစစ်ပွဲ ပြင်းထန်လာတဲ့အခါမှာ အန်တိုနီက သူ့အတွက် ဘုရားကျောင်း ဆောက်လုပ်ပေးခဲ့ပြီး ကိုးကွယ်ခဲ့တယ်။ အဲဒီနောက် ဒီပြသနာတွေကနေ ရုန်းထွက်နိုင်ဖို့ အင်အားရှိလာခဲ့တယ်။

[T/N ::: အန်တိုနီက ရှန့်ရှန့် အရင်ကမ္ဘာက ကောင်းချီးပေးခဲ့တဲ့ အိမ်ရှေ့စံလေးပါ]

နှစ်ပေါင်းထောင်ပေါင်းများစွာ ကြာပြီးတဲ့နောက် သတ္တဝါတွေကို မဟူရာစစ်ပွဲကို နိုင်ဖို့ ကူညီလိုက်ခြင်းဖြင့် သူဟာ သူ့ရဲ့ နတ်ဘုရားအဖြစ်ကို ချေဖျက်ဖို့ အင်အားနဲ့ တူညီတဲ့ ယုံကြည်မှုတွေ ရရှိလာခဲ့တယ်။

သူဟာ ဒီကမ္ဘာက ထွက်မသွားခင် Adounis ဆီသွားခဲ့တယ်။ Adounis က သူ့ရဲ့လက်ကလေးကိုကိုင်ထားပြီး ပြုံးပြခဲ့တယ်။ ပြီးတော့ ဘယ်ကမ္ဘာရောက်ရောက် သူ့ကိုရှာမယ်လို့လဲ ကတိပေးခဲ့သေးတယ်။

သူ့ရဲ့ စိတ်မချမှုတွေ ပြေပျောက်ပြီးတဲ့နောက် သူက ရှင်းဟိုင်နေရာလွတ်ဆီ ပြန်လာခဲ့တယ်။ အဲဒီနောက် သူ တွေ့လိုက်ရတာက ကမ္ဘာရဲ့အဓိက စွမ်းအားအပြင် ယုံကြည်မှု စွမ်းအားလည်း ရရှိခဲ့တယ်။ သူ့ရဲ့ဝိညာဉ်က အဖြူစွတ်စွတ်ကနေ ရွှေရောင် ပြောင်းသွားခဲ့လေတယ်။ အဲဒါက ပိုကြည်လင်သန့်ရှင်းပြီး စွမ်းအားလည်း ပိုများတယ်။

သူဟာ Lord God ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတုန်းက သူ့ ဝိညာဉ်က ဒီလောက်ဖြူ စင်ခဲ့ရင် သူ့ကို ဝါးမြို သွားလောက်ပြီ။

သူ ထွက်သွားဖို့ ဆုံးဖြတ်တာက မှန်ကန်ခဲ့တာပဲ ...

သူရဲ့ ဦးနှောက်မဲ့ရှန့် လဲ လုံးလုံးပျောက်သွားပြီဆိုတာကို သူ သံသယကင်းသွားခဲ့တယ်။

သူဟာ စွမ်းအားတွေ စုပ်ယူပြီးနောက် နောက်ထပ်ကမ္ဘာဆီ ကူးသွားလိုက်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now