11.6 (U)

7.3K 959 31
                                    

11.6

စက်တင်ဘာလ အစောပိုင်းမှာ ချယ်မန်းရဲ့ ဝင်ခွင့် စာမေးပွဲ စတင်ခဲ့ပြီး အိုမီဂါ တစ်ယောက် ဝင်ရောက်ဖြေဆိုခြင်းက လူအများရဲ့ အာရုံစိုက်မှု ကို ရစေတယ်။

အားလုံး သိတဲ့အတိုင်း ချယ်မန်းရဲ့ ဝင်ခွင့်စာမေးပွဲက အဆင့်သုံးဆင့် ရှိတယ်။ လိုအပ်ချက်တွေကိုလဲ အရမ်းကို တင်းကျပ်ထားတယ်။

လူထောင်ပေါင်းမျာစွာထဲ မှာ တကယ်တော်တဲ့သူတွေပဲ နောက်ဆုံးအဆင့် ရွေးချယ်ခံထဲ ထိ ပါနိုင်တယ်။

ပထမတစ်ခု က စိတ်စွမ်းအားနဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေကို စမ်းသပ်တာဖြစ်ပြီး ၂ခုစလုံးမှာ B+ ရဖို့ လိုအပ်တယ်။

ဒုတိယမြောက် စမ်းသပ်မှုက ရေးဖြေ ဖြစ်ပြီး ထိုထဲမှာ စစ်တပ် အသုံးအနှုန်းတွေ၊ လက်နက် အမျိုးအစားတွေ၊ ဇာ့ဂ်အကြောင်းတွေ၊ နက္ခတ္တဗေဒ အာကာသယာဉ် အကြောင်းတွေ၊ Mech ယာဉ်မောင်းနှင် ထိန်းချုပ်မှုတွေ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ မြေမျက်နှာပြင် အကြောင်းအစရှိတဲ့ ဘာသာပေါင်း ၂၀ ကို ဖြေဆိုရတာ ဖြစ်တယ်။

ဘာသာတစ်ခုချင်းစီ အတွက် အောင်မှတ် က ၁၀၀ မှာ ၈၅ မှတ် ဖြစ်တယ်။

တတိယမြောက် စမ်းသပ်မှုက ပြင်ပမှာ အသက်ရှင်နေထိုင်ဖို့ လုပ်ရတာ ဖြစ်တယ်။

ဒီကျောင်းက ဝင်ခွင့် ဖြေဆိုသူတွေကို အခြေခံကျတဲ့ လက်နက်နဲ့ ကိရိယာတွေ ပေးပြီး ဇာ့ဂ်တွေရှိရာ ဝေးလံတဲ့ ဂြိုဟ်ပေါ်မှာ 15 ရက်ကြာ အသက်ရှင်နေထိုင်ခိုင်းတာ ဖြစ်တယ်။

ပထမ ၂ခုက အောင်ဖို့ အလွန်နည်းပါးတဲ့ အကန့်အသတ် ဖြစ်ပေမဲ့လဲ အန္တရာယ်တော့ မရှိလေဘူး။

နောက်ဆုံးတခုက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမှာ ဖြစ်တယ်။

ဒီ ၁၅ ရက်အတွင်းမှာ ဝင်ခွင့်ဖြေဆိုသူတွေက သတ်မှတ်ထားတဲ့ အမှတ်ရအောင် ဇာ့ဂ်တွေကို သတ်ရမှာ ဖြစ်တယ်။

ကျောင်းတော်က တစ်ယောက်ချင်းစီတွင် အကူအညီတောင်း ခလုတ်ကို ပေးထားပြီး တကယ်လို့သာ သေစေနိုင်လောက်တဲ့ အန္တရာယ်နဲ့ ကြုံတွေခဲ့ရင် အဲဒါကို နှိပ်ပြီး အကူအညီ တောင်းနိုင်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now