11.16 (U)

7.1K 829 8
                                    

11.16

ယွင်ရှန့်က လျှောက်လာပြီး ကယ်လီဆီ လက်ကမ်းကာ " ဟိုင်း .. ကျွန်တော်က စီရှယ်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်နော်"

သူ ကယ်လီကို ပြုံးပြတဲ့ တောက်ပလှတဲ့အပြုံးက နေရောင်ခြည်ထက်တောင် နွေးထွေးနေတယ်။ ကယ်လီက နဂိုက သူ့အပေါ် အမြင်ကောင်းကာင်းရှိတဲ့အတွက် စိတ်လှုပ်ရှာသွားခဲ့တယ်။စီရှယ်ကို အနီးကပ် မြင်ရတာက screen မှာမြင်ရတာနဲ့ ခြားနားတယ်။

သူက လှပမှုနဲ့ အန္တရာယ်ပေါင်းစပ်ထားတာ ဖြစ်ပြီး ကျော့ရှင်းနေမှုနဲ့ ခန့်ညာထည်ဝါမှုပါ ရောစပ်လိုက်တော့ အယ်လ်ဖာ တစ်ယောက်ရဲ့ လွှမ်းမိုလိုမှု စိတ်ဆန္ဒကို ရန်စနေသလိုပါပဲ။

ကယ်လီက လက်ဆွဲနှုတ်ဆက်လိုက်ရင်း ညင်သာစွာ ပြောလိုက်တယ်။

" ဟိုင်း ... ကျွန်တော်က ကယ်လီပါ။ တွေ့ရတဲ့အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ် "

သူရဲ့ရွှေရောင်ဖျော့ဖျော့ မျက်လုံးက အဲဒါက သူရဲ့ ကမ္ဘာကြီး တစ်ခုလို တိတ်တခိုး တစ်ယောက်ယောက်ကို ငေးကြည့်နေတယ်။

ယွင်ရှန့်က ရင်းနှီးတဲ့ ခံစားချက် ဖြတ်ပြေးသွားပြီး ခဏတာ မိန်းမောသွားမိတယ်။ သူက ဘာမှ မတွေးဘဲ ပြောလိုက်တယ်
" ကျွန်တော်က ဂလင်း ဖယ်ထုတ်ထားတာလေ။ အဲဒါနဲ့ ပတ်သတ်ပြီး အမြင်လေး သိချင်တယ်"

ကယ်လီက လက်ကို ပြန်လျော့ရင်း စိတ်အားထက်သန်စွာ ဖြေလိုက်တယ်။ " ဒါက မင်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဘဝပဲလေ။ မင်းက ထိုက်တန်တယ်လို့ ခံစားရရင် တစ်ယောက်ကမှ အပြစ်ပြောဖို့ အရည်ချင်း မရှိဘူး"

ဒါက တကယ်ကို သူ့ချစ်သူ မြင်တဲ့ပုံစံပဲ ...

ယွင်ရှန်ရဲ့ အနက်ရောင်မျက်လုံးတွေနဲ့ မော့ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက အရမ်းလေးနက်နေပြီ ကယ်လီ နားဖျားလေးတွေ နီလာစေတယ်။ သူက ဆယ်ကျော်သက်လေးကို ထမင်းစားခန်းဆီ ဖိတ်ပြီး စကားအများကြီးပြောချင်ပေမဲ့ ဗိုလ်ကြီး အော့စ်ဘွန်းက အသံသြသြနဲ့ ပြောလာတယ်

" ကယ်လီ ... ဒါတွေကို ကျောင်းအုပ်ဆီ ချက်ချင်း သွားပေးပေးပါ့လား ... ကျေးဇူးပဲ"

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now