11.3 (U)

8.3K 904 19
                                    

11.3

စီရှယ်က အယ်လ်ဖာ တိုင်းရဲ့ စိတ်ကူးထဲကနေ အသက်ဝင်လာတဲ့ ချစ်သူပုံစံမျိုုး ဖြစ်တယ်။ အဲဒီလိုမှ မဟုတ်ရင် မက်သရူးအိုကြီးက ရွေးစရာအများကြီးထဲက သူ့ကို ရွေးချယ်ခဲ့မှာ မဟုတ်ဘူး။

သူက သူ့အကိုဖြစ်သူကို အရမ်းမနာလိုဖြစ်မိတယ်။ ဒါပေမဲ့ မနေ့က အဖြစ်အပျက်ပြီးတဲ့နောက်မှာ သူက အူမြူးနေတယ် ။

စီရှယ်က ပိုချောမောပြီး သားဖွားနှုန်း ပိုမြင့်လဲ ဘာအရေးလဲ ...... အော့စ်ဘွန်းက သူတို့ကို စက်ဆုပ်ရွံရှာဆဲပဲမလား .....

တကယ်လို့ သူသာဆိုရင် အော့စ်ဘွန်းရဲ့ နှလုံးသားကို ရယူနိုင်မယ် ထင်ပြီး သူ့မိခင်ရဲ့ အကျီလက်ကို ဆွဲလိုက်တယ်။

ဘားနက်ရဲ့ နောက်မိန်းမဖြစ်တဲ့ ကော့နဲလ် က အလျှင်အမြန်ပဲ ပြောလိုက်တယ်

"ဟုတ်တယ်။ ဗိုလ်ကြီးအော့စ်ဘွန်းက စီရှယ်ရဲ့ ပုံစံကို မကြိုက်တာ ဖြစ်နိုင်တယ် ... ဂျက်စပါနဲ့ စီစဉ်ပေးရင် ဘယ်လိုလဲ။ ဂျက်စပါ က စီရှယ်လောက် နူးညံ့သိမ်မွေ့တဲ့ ပုံ မပေါ်ဘူးလေ"

ဂျော်နီဘားနက်လည်း ယုံကြည်လုနီးပါး ဖြစ်သွားတယ်။ သူက ပြောဖို့ရာ တွန့်ဆုတ်နေတုန်း စီရှယ်ရဲ့ မိခင်ဖြစ်သူ အိုဒဲလ် က ဝင်ပြောမဲ့ဆဲဆဲမှာ သားဖြစ်သူက ဝင်ပြောလာတယ်

"တကယ်လို့ လူ ပြောင်းချင်လဲ ကျွန်တော်က ပြောစရာ မရှိဘူး။. ဒါပေမဲ့ အင်ပါယာထဲမှာ ရှိတဲ့လူတွေ အကုန်လုံးက ဗိုလ်ကြီးအော့စ်ဘွန်း နဲ့ ကျွန်တော်ရဲ့ လက်ထပ်ပွဲ ဖျက်သိမ်းပြီးပြီ ဆိုတာ သိပြီးပြီလေ။

ဗိုလ်ကြီးအော့စ်ဘွန်းက အရမ်းခေါင်းမာတဲ့လူလို့ ကြားတယ်။ အရာရှိ မက်သရူးတောင် သူ့ကို ပြောပြီး ဖျောင်းဖျလို့ မရဘူးတဲ့။ ကိုယ့်ဘာသာ ရယ်စရာဖြစ်အောင် မလုပ်တာဘဲ ကောင်းမယ်။ ဘာပဲဖြစ်ဖြစ် ထားလိုက်ပါ။ အခု ကျွန်တော် ပင်ပန်းနေပြီ ... အနားယူလို့ ရမလား"

ဒီလူတွေက စီရှယ်ရဲ့ မိသားစုတွေ ဖြစ်တယ်။ သူတို့နဲ့ မရင်းနှီးပေမဲ့ သူတို့က သူ့အပေါ် ဆိုးရွားစွာတော့ မဆက်ဆံကြဘူး။ အဲဒါကြောင့် သူတို့ကို သတိပေးစကား အရိပ်အမြွက် ပြောပြပေးခဲ့တာ ဖြစ်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now