11.18 (U)

6.6K 827 7
                                    

11.18

ယွင်ရှန့်က ထမင်းစားဆောင်မှာ မနက်အစောကြီး စောင့်နေခဲ့တယ်။ မနေ့ညက သူက အိပ်မက်တွေ အများကြီး မက်ခဲ့တယ်။ သူ့ချစ်သူရဲ့ ဇစ်မြစ်တွေ တွေအကုန်လုံး ခိုးယူခံလိုက်ရတယ်။ ရုပ်သွင်ပြင်တွေရော၊ နာမည်တွေရော ပါသွားခဲ့တယ်။ ဒါပေမဲ့ သူ နိုးလာတဲ့အခါ အဲဒီသူတွေက ဘယ်သူတွေဆိုတာ မေ့သွားခဲ့တယ်။ အဲဒါကြောင့် သူ နိုးနိုးချင်း အန်တိုနီစ်ကို ထပ်တွေ့ချင်လာတယ်။

သန့်ရှင်းနေတဲ့ အဖြူ ရောင် ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လူငယ်လေးက နှင်းလို ဖြူ ဖွေးနေတဲ့ အသားအရည်၊ နီရဲနေတဲ့ နှုတ်ခမ်း၊ အလိုမကျတဲ့ မျက်ခုံးတွေနဲ့ ဒီအတိုင်း ရပ်နေရင်တောင် လူအများရဲ့ အာရုံစိုက်မှုကို ရနိုင်တယ်။ သူက အရမ်းကို လှပတယ် ။ဒါပေမဲ့ မိန်းမ မဆန်ပေ ။သူက ပြင်းထန်တဲ့ အငွေ့အသက်တွေ ထုတ်လွတ်နေပြီး သူ့ဘေးနားက လူတွေကို သူနဲ့စည်းတစ်ခု ခြားနားနေစေတယ်။

ရို့သ်က ဟိုးအဝေးကြီးကတည်းက ကောင်လေးကို လူထုထဲမှာ သတိပြုမိလိုက်တယ်။ ဘာလို့ဆို သူ့သူငယ်ချင်းက စီရှယ်နဲ့ အော့စ်ဘွန်း အတူတူနေ နေတဲ့ကိစ္စကြားပြီး ပြေးထွက်သွားခဲ့တာ ဖြစ်ပြီး သူက စိုးရိမ်မိတယ်။ သူက ကောင်လေးဘေး လျှောက်သွားလိုက်ရင်း စကားပြောဖို့ရာ ကြောက်လန့်မှုတွေ လျော့ချလိုက်တယ်။

" စီရှယ် မင်းနဲ့ ဗိုလ်ကြီးရဲ့ စေ့စပ်ပွဲလည်း ပျက်ပြီးပြီ။ သူနဲ့ဝေးဝေးနေသင့်တယ်။ မင်းအပြုအမူတွေက ဂျိုရှုအာကို နာကျင်အောင် လုပ်နေတာပဲ။ သူက အော့စ်ဘွန်းရဲ့ ချစ်သူပဲ"

ယွင်ရှန့်က ကယ်လီရဲ့ ပုံရိပ်ကို ရှာနေတာဖြစ်ပြီး သူက ဂရုမစိုက်စွာ ပြန်မေးလိုက်တယ်

" အဲလိုဆို ငါက အော့စ်ဘွန်းရဲ့ စေ့စပ်သူ ဖြစ်နေတုန်းက သူက အော့စ်ဘွန်းနဲ့ တိတ်တခိုး တွဲနေခဲ့တာလေ။ သူက အော့စ်ဘွန်းကို လူအများကြီးရှေ့မှာ ငါ့ကို ငြင်းပစ်စေခဲ့ပြီး ငါရဲ့ ဖြစ်တည်မှုကိုတောင် သူက ငြင်းပယ်ဖို့ လုပ်ခဲ့သေးတာလေ။ ပြောပါဦး ... ... အဲတုန်းက သူက ငါ့ကို နာကျင်အေင် လုပ်နေတယ်လို့များ မတွေးမိခဲ့ဘူးလား "

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now