11.28 (U)

6.5K 765 2
                                    

11.28

နောက်တစ်ရက်မှာ ရှည်လျားလှတဲ့ အမှုစစ်ဆေးခြင်း စတင်ခဲ့ပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ မှားယွင်းစွာ အစီရင်ခံခြင်း စတဲ့ အများအပြား စွဲချက်တွေနဲ့ တင်ခဲ့တယ်။ စီရင်ချက်က အခိုင်အမာ သေချာသွားတာနဲ့ သူတို့နှစ်ဦးကို ကွပ်မျက်လိမ့်မယ်။ ကြည့်ရှုသူ ပရိသတ်နေရာမှာ ထိုင်နေတဲ့သူတွေက စစ်တပ်ခေါင်းဆောင်တွေနဲ့ တော်ဝင်မိသားစုဝင်တွေ ဖြစ်ပြီး အဲဒီအထဲမှာ သိသာထင်ရှားနေတာက ဘားနက်အိုကြီးနဲ့ မက်သရူးအိုကြီး ဖြစ်လေတယ်။

သူတို့က ဘေးပတ်လည်ခုံတွေမှာ လူမရှိဘဲ အလယ်မှာ တိတ်ဆိတ်စွာ ထိုင်နေကြတယ်။ သိသာစွာပဲ အင်ပါယာထဲက တစ်ယောက်ကမှ သူတို့နဲ့ မပတ်သတ်ချင်ကြတော့ပေ။

သူတို့ကို သစ္စာခံခဲ့တဲ့ လူတွေအပါအဝင်ပေါ့...

တရားသူကြီးက စစ်ဆေးခြင်း စတင်ကြောင်း ကြေညာလိုက်တဲ့အခါ တရားရုံးအဖွဲ့သားတွေက ထူထပ်တဲ့ ဖိုင်တွေကို ချက်ချင်းထုတ်ယူလာပေးခဲ့ပြီး သူတို့နှစ်ဦးရဲ့ ပြစ်မှုတွေကို စတင် ချေပခဲ့တယ်။ တရားမျှတရန်အတွက် ဒီဖြစ်စဉ်တခုလုံးကို ကြယ်တာရာကွန်ယက်ကနေ Live လွှင့်ခဲ့တယ်။

အော့စ်ဘွန်းနဲ့ ယွင်ရှန့်က ရှေ့နေ မဌားခဲ့ကြပေ။ ဒါပေမဲ့ သူတို့ဌားချင်တယ်ဆိုရင်တောင် ဘယ်ရှေ့နေကမှ သူတို့ဘက် လိုက်ပြီး ခုခံပေးရဲမှာ မဟုတ်ပေ။ သူတို့အမှားတွေရဲ့ ရလဒ်အနေနဲ့ မီလီယံနဲ့ချီတဲ့ စစ်သားတွေက တိုက်ပွဲအတွင်း သေဆုံးခဲ့ကြရတယ်။ ပြီးတော့ ကျန်ရစ်သူမိသားစုတွေကလည်း သူတို့ကို ခုခံကာကွယ်ပေးရဲတဲ့သူကို တစစီ ဖြဲစုတ်ပစ်လိမ့်မယ်။

တိုင်ကြားချက်အကုန်လုံးက ဒီလူနှစ်ယောက်ကိုပဲ ထိပ်တိုက် စွဲချက်တင်နေတာ ဖြစ်လေတယ်။

အော့စ်ဘွန်းက ခေါင်းကို ငုံ့ထားပြီး သူ့ချစ်သူရဲ့ လက်ချောင်းတွေနဲ့ ကစားနေခဲ့တယ်။ သူ့သဘောထားက လုံးဝကို ပုံမှန် ဖြစ်နေလေတယ်။ ယွင်ရှန့်က အစိုးရ ရှေ့နေတွေကို လှောင်ပြောင်တဲ့ အမူအယာနဲ့ကြည့်နေပြီး တစ်ချက်တစ်ချက် ရယ်တောင်ရယ်မောလိုက်သေးတယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now