11.23 (U)

7.6K 835 6
                                    

11.23

သူတို့တွေက တောထဲ လျှင်မြန်စွာ ပျောက်ကွယ်သွားကြတယ်။ ဂူဆီ သုံးရက်အကြာမှာ တစ်ခေါက်ပြန်လာကြည့်ခဲ့ပေမဲ့ ဟော်မုန်းနံ့တွေက အခုထိ ပြင်းနေဆဲဖြစ်နေတာ တွေ့ပြီး ပြန်ထွက်သွားခဲ့ကြတယ်။ သူတို့က တစ်ရက်ချင်း လာလာကြည့်ခဲ့ပြီး စုစုပေါင်း ခုနှစ်ရက် ကြာမြင့်သွားခဲ့တယ်။

သွေးသန့်အိုမီဂါတွေက heat ဖြစ်တာ ပိုကြာလေ့ရှိပြီး သူတို့ရဲ့ အယ်လ်ဖာတွေကို စွဲဆောင်နိုင်စွမ်းကလည်း ပိုမြင့်လေတယ်။ ဒါကတော့ ကမ္ဘာရဲ့အသိစိတ်ကနေ သူရဲ့ သားတော်ကို ချီးမြင့်ထားတဲ့ ရွှေလက်ချောင်းပဲ ဖြစ်လေတယ်။ သူက အထူးချွန်ဆုံးမျိုးဆက်ကို မွေးဖွားပေးနိုင်လိမ့်မယ်။ ယွင်ရှန့်က လုံးဝတည်ငြိမ်သွားပြီ ဖြစ်တယ်။ သူက ဂူရှေ့ကနေ စောင့်နေရင်း အတွေးထဲ နစ်မြှောနေလေတယ်။

ဟော်မုန်းတွေက တဖြည်းဖြည်း ကွယ်ပျောက်လာပြီဖြစ်တယ်။ အော်ငြီးသံတွေက ရုတ်တရက် ပိုပိုပြီး ပြင်းထန်လာပြီးနောက် ရုတ်ချည်း ရပ်သွားခဲ့လေတယ်။ သိသာစွာပဲ အထဲက လူနှစ်ယောက်က ခုနှစ်ရက် ခုနှစ်ည မိတ်လိုက်ပြီးအဆုံးမှာတော့ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့လေပြီ။

အဲလိူလူတွေကို ဘယ်လိုများ လူသားလို့ ခေါ်ပါလိမ့်။ သူတို့က သားရဲမှန်း သိသာနေတာပဲ။

ယွင်ရှန့်က တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်တယ်။

အဝတ်တွေ စုတ်ပြတ်နေတဲ့ ကယ်လီက ကျောက်တုံးကို ဖွင့်ပြီး ဂျိုရှုအာကို လမ်းလျှောက်လာနိုင်အောင် ကူညီပေးလိုက်တယ်။ တကယ်လို့သာ ပုံမှန် အိုမီဂါ ဆိုရင် ဒီလောက်အချိန်အကြာကြီး သာယာမှု ခံစားပြီးတဲ့နောက်မှာ လက်တချောင်းတောင် 'မ' နိုင်မှာ မဟုတ်ပေ။ ဒါပေမဲ့ ဂျိုရှုအာရဲ့ ခန္ဓာကြံ့ခိုင်မှုက အယ်လ်ဖာ နဲ့ယှဉ်နိုင်တဲ့အတွက် အခုထိ မတ်မတ်ရပ်နိုင်တာ ဖြစ်တယ်။

ဂူရဲ့ အပြင်ဘက်မှာ စောင့်နေတဲ့ လူနှစ်ယောက်ကို မြင်ပြီး ကယ်လီက ဖြူဖျော့သွားခဲ့တယ်။ ဂျိုရှုအာက သူ့မုန်းတီးလှတဲ့ အမူအရာတွေ မြင်မှာစိုးပြီး ချက်ချင်း ခေါင်းကို ငုံ့ထားလိုက်တယ်။ သူက ဒီအခိုက်အတန့်ကို စောင့်မျှော်နေတာ ဖြစ်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now