11.20 (U)

6.6K 715 1
                                    

######Mature####### 🔞🔞

11.20

ဂျိုရှုအာက အော့စ်ဘွန်းရဲ့ ပြောင်ပြောင်ဘွင်းဘွင်း စကားလုံးတွေနဲ့ ထိုးနှက်ခံလိုက်ရတယ်။ သူ့ရှပ်အကျီဖျားလေးကို ဆုပ်ကိုင်ရင်း နောက်နှစ်လမ်း ဆုတ်သွားခဲ့တယ်။

သူရဲ့ အိမ်မက်က မတော်မလျော်ဘူးတဲ့လား။

ချယ်မန်းမှာ နေခွင့်ရဖို့အတွက် တိုက်ပွဲမှာ ချီးကျူးထိုက်တဲ့ အောင်မြင်မှုတွေရဖို့အတွက် သူက အော့စ်ဘွန်းကို မြူစွယ်တာကပဲ ဒါတွေကို ဖြစ်စေနိုင်မယ်လို့ တွေးမိခဲ့တယ်။

သူက မက်သရူးအိုကြီးကို တိုက်ရိုက် ဆက်သွယ်ခဲ့ပြီး သူ့ကို တာဝန်ယူစေဖို့ရာအထိ မက်သရူးအိမ်တော်ရဲ့ ထောက်ပံ့မှုရယူခဲ့တယ်။ သူက မက်သရူးအိုကြီးကို သူ့မြေးဖြစ်သူက ကိုယ်ဝန်မဆောင်နိုင်တော့တဲ့ အိုမီဂါ တယောက်ကို ချစ်နေကြောင်း ပြောခဲ့တယ်။ အဲဒါကြောင့် မက်သရူးအိုကြီးက သူတို့မိသားစုရဲ့ အကောင်းဆုံးလူက မျိုးဆက်ပြတ်သွားမှာစိုးလို့ ထောက်ပံ့ခဲ့တာ ဖြစ်တယ်။

ဂျိုရှုအာက ကျန်းမာပြီး ကလေးမွေးနိုင်တဲ့ အိုမီဂါ ဖြစ်ပြီး သူရဲ့ ခန္ဓာကြံ့ခိုင်မှုနဲ့ စိတ်စွမ်းအားကလဲ အယ်လ်ဖာ တစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ လန်နွန်း အင်ပါယာရဲ့ ထူးခြားတဲ့ တည်ရှိမှု ဖြစ်တယ်။ အဲဒါကြောင့် မက်သရူးအိုကြီးက သူ့တောင်းဆိုတာကို မငြင်းပယ်ခဲ့ပေ။ သူက ဒီတွေ့ဆုံမှုကို စီစဉ်ပေးခဲ့ပြီး အော့စ်ဘွန်း ထွက်ပြေးမှုကို တားဆီးဖို့ မြေအောက်က လေ့ကျင့်ခန်းထဲ ပိတ်ထားခဲ့တာ ဖြစ်တယ်။

ဂျိုရှုအာရဲ့ အတွေးတွေက အရမ်းကို ရှင်းလင်းတယ်။ ဒါပေမဲ့ အော့စ်ဘွန်းကို တွန်းအားပေးတာက အဲဒီလောက် ရိုးရှင်းတဲ့ကိစ္စ မဟုတ်ပေ။ သူက အခြား အယ်လ်ဖာတွေလိုမျိုး ဟော်မုန်းနံ့ရလာတာနဲ့ သူ့အပေါ် ခုန်မအုပ်လာပေ။ သူက တောင့်ခံဖို့ ကြိုးစားနေခဲ့တယ်။ သူရဲ့ ထိန်းချုပ်နိုင်စွမ်းက အခြားသူတွေထက် ပိုသန်မာတယ်။

ဂျိုရှုအာကလည်း သွေးသန့် အိုမီဂါ ဖြစ်တဲ့အတွက် သူရဲ့သားဖွားနိုင်မှုက မြင့်မားတယ်။ Heat ဖြစ်နေချိန် ထွက်လာတဲ့ ဟော်မုန်းတွေက ကျောင်းမှာရှိတဲ့ အယ်လ်ဖာတွေအကုန်လုံးကို စွဲဆောင်နိုင်တယ်။ တကယ်လို့သာ သူ heat ဖြစ်နေတုန်း အော့စ်ဘွန်းက ထွက်သွားမယ်ဆိုရင် တခြား အယ်လ်ဖာ တွေက သူ့ကို အမဲဖျက်လိမ့်မယ်။ အဲလိုဆို သူအနေနဲ့ ရလဒ်က အကြီးအကျယ် ပျက်စီးသွားလိမ့်မယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now