11.27 (U)

5.9K 707 11
                                    

11.27

စစ်ဆေးမှုတွေ တောက်လျှောက်လုပ်ပြီးတဲ့အခါမှာ စစ်တပ်ကောင်စီက အော့စ်ဘွန်းနဲ့စီရှယ်ကို နိုင်ငံတော် သစ္စာဖောက်မှု မှားယွင်းစွာ အစီရင်ခံမှု နဲ့ စွဲချက်တင်ခဲ့ကြတယ်။ သူတို့တွေက အဲဒီလူနှစ်ယောက်ရဲ့ တပ်မဟာ(၁) နဲ့ တပ်မဟာ(၂)ကိုလည်း ဖျက်သိမ်းပြီး ဂျိုရှုအာ ဦးဆောင်နေတဲ့ အင်ပါယာစစ်တပ်ထဲ ပူးပေါင်းစေခဲ့တယ်။

ဘာလို့ဆို ဒီလူနှစ်ယောက်က ဂလက်ဆီ မှာ အင်အားအကောင်းဆုံးတွေ ဖြစ်တဲ့အတွက် သွားရောက်ဖမ်းဆီးတဲ့အခါ အင်ပါယာစစ်တပ်က သူတို့ရဲ့ အင်အားအကောင်းဆုံး ယာဉ်အဖွဲ့သာ တွေနဲ့ ဗီလာ နှစ်ခုကို ဝိုင်းထားခဲ့တယ်။

ဂျိုရှုအာက သူရဲ့ငွေဖြူ ရောင် အထူးယာဉ် မောင်းနှင်းလာရင်း အသံချဲ့စက်ကနေ သူတို့နှစ်ဦးကို မခုခံဖို့ သတိပေးရင်း အမိန့်ပေးလိုက်တယ်။ ခုခံခဲ့ရင် ဘားနက်မိသားစုနဲ့ မက်သရူးမိသားစုကို ဖျက်စီးပစ်မယ်လို့ ပြောခဲ့တယ်။

အင်ပါယာထဲ မိသားစုနှစ်ခုရဲ့ အလားအလာ အကောင်းဆုံးနှစ်ယောက်က အခု အရှက်ရပြီး သစ္စာဖောက်မှုကို ကြုံတွေ့နေရတယ်။ ဘားနက်အိုကြီးနဲ့ မက်သရူးအိုကြီးက အရမ်းကို အိုမင်းနေလေပြီ။ အော့စ်ဘွန်းနဲ့စီရှယ်ကို အရိုးထိအောင် မုန်းတီးနေတဲ့ နောက်မျိုးဆက်သစ် တချို့တွေက သူတို့ကိုဖမ်းဆီးပြီး ကောင်စီဆီ အပ်နှံခဲ့ကြတယ်။

ယွင်ရှန့်က ပြတင်းပေါက်ရှေ့မှာ ရပ်နေရင်း အဖြူရောင် ယာဉ် ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ သူက ဒီရက်တွေမှာ ဂျိုရှုအာ ရဲ့ မူမမှန်မှုတွေကို ထပ်ခါထပ်ခါ အသေးစိတ် စစ်ဆေးခဲ့တယ်။ သံသယဖြစ်တာထက် ပိုပြီး သေချာလာတယ်။ စိတ်စွမ်းအား ရဲ့ အင်အားက မွေးကတည်းက သတ်မှတ်ပြီးသား ဖြစ်တယ်။ S level ကနေ 3S ကို ရုတ်တရက် တိုးမြှင့်သွားဖို့ဆိုတာက ဂျိုရှုအာက သူ့လိုမျိုး စွမ်းအားများတဲ့ ဝိညာဉ်မျိုးနဲ့တွေ့သွားတာပဲ ဖြစ်နိုင်တယ်။

ဇာ့ဂ် ဘုရင်မက ဇာ့ဂ်တွေအကုန်လုံးကို အမိန့်ပေးထိန်းချုပ်နိုင်တဲ့အတွက် သူ့စိတ်စွမ်းအားရဲ့ အင်အားက သိသာထင်ရှားလေတယ်။ ဂျိုရှုအာ ရဲ့ ရုတ်တရက် ပြောင်းလဲမှုကလဲ စစ်ပွဲပြီးမှ ဖြစ်ပေါ်လာတာ ဖြစ်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now