11.25 (u)

5.1K 592 2
                                    

11.25

" မြန်မြန် ယာဉ် ဆီပြန်သွား။ " ယွင်ရှန့်က ဒေါသထွက်စွာ ပြောလိုက်တယ်။ အဆုံးမှာ သူက တကယ်ကို ကံကြမ္မာ ရဲ့ သားတော်ပဲ။ တိုက်ပွဲအလယ်မှာ ယာဉ်ကို စွန့်ခွာခဲ့တာတောင် ဇာ့ဂ်တွေရဲ့ တိုက်ခိုက်မှု တစ်စက်လေးမှ မခံခဲ့ရပေ။ ဒီလောက်ရှုပ်ထွေးလှတဲ့ အသိုက်ထဲမှာ သူက ပထမဆုံး ဘုရင်မကိုလည်း ရှာတွေ့နိုင်ခဲ့တယ်။

ဂျိုရှုအာက စိတ်လှုပ်ရှားနေတာမှ ပြန်အသက်ဝင်လာပြီး သူ့ရဲ့ယာဉ် ဆီပြေးသွားလေတယ်။ ဆက်သွယ်ရေး ချန်နယ် ကနေတဆင့် ရဲဘော်ရဲဘက်တွေကို ဒီမှာလာကူဖို့ အလျှင်အမြန် သတင်းပေးလိုက်တယ်။

သုံးယောက်သား ပြင်ဆင်ထားခဲ့တဲ့ ဗုံး တွေကို ဘုရင်မ ရဲ့ ဗိုက်ထဲ ထည့်ခဲ့တယ်။ ဘုရင်မ က သူတို့ဘာလုပ်နေတယ်ဆိုတာကို သိခဲ့ပေမဲ့ သူတို့ကို ရပ်တန့်ဖို့ရာ အင်အားမဲ့နေလေတယ်။ အဲဒါကြောင့် သူက ကျယ်လောင်စွာ မြည်တမ်းလိုက်တယ်။ အဲဒီအချိန် မရေတွက်နိုင်လောက်တဲ့ ဇာ့ဂ်တွေက ကယ်တင်ဖို့ အပြေးအလွှားရောက်လာပေမဲ့ အော့စ်ဘွန်းရဲ့ လူတွေက အပြင်ဘက်ကနေ ဟန့်တားထားခဲ့တယ်။

ဗုံးကို တပ်ဆင်ပြီးတဲ့အခါမှာ အော့စ်ဘွန်းက မဟာမိတ်တွေကို ဒီဂြိုလ်ကနေ ထွက်ခွာဖို့ အလျှင်အမြန် သတိပေးလိုက်တယ်။ ဇာ့ဂ်အစောင့်တွေက ဗုံး အပြင်ကနေ ကာထားတဲ့ ထူထပ်တဲ့ PU34 ကို ဝါးလိုက်တဲ့အခါ ပေါက်ကွဲမှု ဖြစ်သွားခဲ့တယ်။

ယွင်ရှန့်က ထွက်ခွာသွားဖို့က ဝင်ရောက်တာထက် အဆပေါင်းများစွာ ခက်ခဲလိမ့်မယ်လို့ အစက ထင်ထားခဲ့တယ်။ ဒါပေမဲ့ သူ မှားသွားတယ်။ ဇာ့ဂ်တွေက သူတို့ကို ရပ်ဖို့ မကြိုးစားဘဲ ဘုရင်မ အနားမှာ စုစည်းနေပြီး ဗုံးကို တစစီ ကိုက်ဖြတ်နေကြတယ်။ ဗုံးက ဘုရင်မ ခန္ဓာအောက်မှာ ထားထားတာ ဖြစ်တယ်။ ဘာလို့ဆို သူ့အရေပြားက ကွဲအက်လွယ်တဲ့အတွက် ဖြစ်လေတယ်။ အဲဒါက ထက်ရှတဲ့ ခြေချောင်းတွေက မတော်တဆ ထိမိလိုက်တိုင်း ပေါက်ထွက်သွားပြီး မဖွံ့ဖြိုးသေးတဲ့ ဥ တွေ ထွက်လာတယ်။ ဝါးနေတဲ့ ဇာ့ဂ်တွေကလဲ အရမ်းနီးကပ်ဖို့ရာ ကြောက်သွားကြပြီး သူတို့တွေက ပတ်လည်စုနေလိုက်ပြီး ဝမ်းနည်းပက်လက် အော်ဟစ်မြည်ကြွေးနေကြတယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now