11.2 (U)

12.4K 1K 25
                                    

11.2

သူ မျက်လုံးမဖွင့်ခင် သောကရောက်ပြီး ငိုနေတဲ့ အသံကို ကြားလိုက်ရတယ်။

"စီရှယ် ... သား အဆင်ပြေရဲ့လား အမေ့ကို ဒီလိုမခြောက်ပါနဲ့ကွယ်"

"သူ ဒီလိုအရှက်ခွဲခံရမဲ့အစား မေ့လဲသွားတာမှ ကောင်းသေးတယ် သွေးသန့်အိုမီဂါတစ်ယောက် ဖြစ်ပြီး ဘီတာတစ်ကောင်ကို ရှုံးရတယ်လို့ ကျစ်..." ဆိုပြီး လှောင်သံနဲ့ပြောတာလည်း ကြားလိုက်ရတယ်။

"မင်း တိတ်တိတ်နေစမ်း။ ဆရာဝန် ဆေးကုနေတာ အနှောင့်ယှက်မပေးနဲ့" အသံသြသြနဲ့ပြောတာလည်း ကြားလိုက်မိတယ်။

သူ ကုသမှုခံယူ ပြီးတဲ့နောက်မှာ ကျိုးယွင်ရှန့်ဟာ ကုသမှု ခံယူနေရတယ်ဆိုတာ သူ့အရေပြားကနေ ခံစားသိရှိလိုက်တယ်။

သူက အန္တရာယ် မရှိတော့ဘူးဆိုတာ သိပြီးတဲ့နောက် သူ့ရဲ့ 007 ကို ဒီကမ္ဘာရဲ့နောက်ကြောင်းနဲ့ သူ့ခန္ဓာကိုယ့်ရဲ့ ဘဝအကြောင်းကို ပေးပို့ခိုင်းလိုက်တယ်။

ဒီကမ္ဘာက ထူးဆန်းတဲ့ ကမ္ဘာတစ်ခုဖြစ်ပြီး လူတွေရဲ့ အမျိုးအစားကို သုံးမျိုး ခွဲခြားထားတယ်။ အိုမီဂါ၊ ဘီတာ၊ အယ်လ်ဖာ ထဲတွင် အမျိုးသားနဲ့ အမျိုးသမီး ပြန်ခွဲထားပြီး စုစုပေါင်း ခြောက်မျိုး ရှိတယ်။

အယ်လ်ဖာတွေက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေမှာ သူများတွေထက် သာလွန်ပြီး လောကရဲ့ အရှင်သခင်တွေ ဖြစ်ကြတယ်။

သူတို့တွေက ဦးဆောင်မှုပိုင်းနဲ့ စစ်တပ်ပိုင်းဆိုင်ရာမှာ တာဝန်ယူကြတယ်။

ဘီတာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာက ဒုတိယအကောင်းဆုံး ဖြစ်ပြီး ဉာဏ်ရည်(အိုင်ကျူ)မှာ ပျှမ်းမျှ ကနေ ပျှမ်းမျှအထက်ကြားထဲမှာ ရှိတယ်။

အခြေခံအားဖြင့် သူတို့က ဘယ်လိုအလုပ်မျိုးကိုမဆို လုပ်နိုင်ကြပြီး သူတို့ရဲ့သားဖွားနှုန်းကလည်း ကောင်းမွန်ကြတယ်။

သူတို့က ဒီလူ့အဖွဲ့အစည်းအတွက် အခြေခံကျတဲ့ လူတန်းစား ဖြစ်လေတယ်။

အိုမီဂါတွေအတွက်မူ သူတို့တွေက အရမ်းရှားပါးလွန်းတယ်။ သူတို့ရဲ့ အကျင့်စရိုက်က ရှက်ကြောက်တတ်ပြီး သိမ်မွေ့နူးညံ့ကြလေတယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now