11.7

13.2K 1.5K 37
                                    

11.7

တပတ်ကြာတဲ့အခါမှာ တတိယစာမေးပွဲကို စတင်ခဲ့တယ်။

ကြယ်တာရာကွန်ယက်ရဲ့ တာဝန်ရှိသူတွေက ဂြိုဟ်နံပါတ် ရွေးပြီး အဲဒီနဲ့ဆိုင်ရာ အချက်အလက်တွေကို ဖြေဆိုသူတွေရဲ့ terminal ဆီ ပေးပို့ခဲ့တယ်။ CT073 လို့ အမည်ရတဲ့ ဂြိုဟ်သေးလေးက နေထိုင်ဖို့ရာ အဆိုးရွားဆုံး ပတ်ဝန်းကျင် ဖြစ်တယ်။

အဲဒီနေရာက ထူထပ်အုံ့ဆိုင်းနေတဲ့ သစ်တောတွေရယ်၊ ကြီးမားကျယ်ပြန့်လှတဲ့ သမုဒ္ဒရာတွေရယ်နဲ့ ဝန်းရံထားတယ်။

ရာသီဥတုအခြေအနေက တစ်နှစ်ပတ်လုံး ပူအိုက်ပြီး စိုစွတ်တယ်။

အဲအခြေအနေက ဇာ့ဂ်တွေ သားပေါက်ဖို့ရာ အသင့်တော်ဆုံး ဖြစ်တယ်။

လူသားတွေက ဒီဂြိုဟ်ကို လက်လွှတ်ဖို့ ကြံစည်ခဲ့တယ်။ ဒါပေမဲ့ သူတို့က မြေအောက်မှာ အရမ်းကို ကျယ်ပြောတဲ့ စွမ်းအားတွေ တွေ့ရှိခဲ့ပြီး သတ္တု တူးဖော်တဲ့ ကုမ္ပဏီအများစုက ပြုံတိုးဝင်ခဲ့တယ်။

နိုင်ငံရဲ့ စိတ်ဝင်စားမှု ထိန်းသိမ်းရန် နဲ့ သတ္တု တွင်းတူးဖော်သူတွေ ဘေကင်းရေးအတွက် စစ်တပ်က နှစ်စဉ် ဇာ့ဂ်နှိမ်နင်းရေးတွေကို အကြီးအမား လုပ်ဆောင်ကြတယ်။

စာမေးပွဲ ဖြေဆိုသူတွေအနေနဲ့ သူတို့က စစ်တပ်နောက်ကနေ လိုက်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကို အန္တရာယ် အနည်းဆုံး နယ်မြေတွေမှာ တာဝန်ချထားပေးတယ်။

တကယ်လို့ သူတို့က အသက်အန္တရာယ်ကြုံတွေ့ခဲ့ရင် သူတို့ရဲ့ အကူအညီတောင်း ခလုတ်ကို နှိပ်ပြီး အကူညီ တောင်းနိုင်မှာ ဖြစ်တယ်။

ဟုတ်ပါတယ် ... သူတို့ကို ကယ်တင်နိုင်မလား ဆိုတာက သူတို့ရဲ့ ကံကောင်းမှုအပေါ်လဲ များစွာ မူတည်ပါသေးတယ်။

ဒါက ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပြီး သေဆုံးမှုတွေရှိခြင်းက မလွဲဧကန်ပါပဲ။

ဖြေဆိုသူတွေဟာ CT073 ကို သွားဖို့ အာကာသယာဉ်ကို စီးနင်းရမှာဖြစ်ပြီး အဲ့ဒီမှာ သူတို့က ကယ်ဆယ်ရေးအဖွဲ့ထဲမှာ ဒီအင်ပါယာရဲ့ စွမ်းအားအကြီးဆုံးဖြစ်တဲ့ ဗိုလ်ကြီး အော့စ်ဘွန်းကို တွေ့တဲ့အချိန်မှာ သူတို့ရဲ့ စိတ်လှုပ်ရှားကာ မငြိမ်မသက် ဖြစ်နေတာတွေက အတော်အသင့် လျော့ကျသွားတယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now