ep 1

155K 9K 512
                                    

'' ငါတို့လမ်းခွဲရအောင် ..............''

'' အဓိပ္ပာယ်မရှိတဲ့ စကားမပြောစမ်းနဲ့ ...............''

'' ငါ အတည်ပြောနေတာ .............''

ခင်ဗျားတို့ကော ကြုံဖူးကြလား ? ။ ခုပဲ မုန့်တူတူစားပြန်လာတာကို ဆိုင်းမဆင့်ဗုံမဆင့်လမ်းခွဲခံလိုက်ရတဲ့အဖြစ်မျိုး ။ ပြီးတော့ နောက်ဖေးလမ်းကြားထဲမှာ ။

ဒီကောင်ကွာ ..............

အနည်းဆုံးတော့ ကော်ဖီဆိုင်လေးမှာ ကော်ဖီအေးဆေးသောက်ပြီး လမ်းခွဲစကားပြောသင့်တာပေါ့ ။

" ငါ့အမေကြောင့်လား .............. ပြောလေ ချမ်း ။ ငါ့အမေကြောင့်လားလို့ ''

ချမ်း တစ်ဖက်သို့မျက်နှာလွှဲသွားသည် ။ ခြေထောက်အောက်က ခဲလုံးကို ခပ်ပြင်းပြင်းလွှဲကန်ရင်း ချမ်းက ရယ်သည် ။

'' မင်းသိပြီးသားမလား ........... ငါမင်းအမေဆီက ပိုက်ဆံလက်ခံထားတာ ။ ဒါကြောင့် ငါ့ဖက်ကတာဝန်က မင်းကိုလမ်းခွဲပေးဖို့ပဲကျန်တာ ။ ငါတို့လမ်းခွဲရအောင် စွဲညို့ ''

" ငါ့အမေစကားကို နားမထောင်နဲ့ ။ အဲ့ဒီပိုက်ဆံတွေကို ပြန်ပေးလိုက်ပါ ။ မဟုတ်ဘူး .......... မင်း ယူထားလိုက် ။ အဲ့ဒီပိုက်ဆံနဲ့ ငါတို့နှစ်ယောက် အဝေးတစ်နေရာကို ထွက်သွားပြီး ဘ၀သစ် စရအောင် ''

ချမ်း၏ လက်ကိုမျှော်လင့်ချက်တကြီးဆုပ်ကိုင်ပြီး တောင်လျှိုးပန်လျှိုး သနားခံတဲ့မျက်ဝန်းတွေနဲ့ ပြောလာတဲ့ စွဲညို့ရဲ့အကြည့်ကို ချမ်း ရှောင်လွှဲလိုက်သည် ။

'' ဒီနှစ်နှစ်အတွင်း မင်းငါ့ကိုပေးနိုင်ခဲ့တာ ဘာများရှိခဲ့လဲ စွဲညို့ ။ မင်းနဲ့အတူ ဆင်းရဲဒုက္ခခံပြီး ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ခဲ့ရတယ် ။ ဒါတောင် ငါ့အလုပ်တွေမှာ မင်းအမေက သူ့ရဲ့အာဏာကိုအသုံးချပြီး ငါ့အလုပ်ရှင်တွေကို တစ်မျိုးမဟုတ်တစ်မျိုး ဖိအားပေးတယ် ။ ဒီတစ်လထဲမှာပဲ ငါအလုပ်ပြောင်းရတာ နှစ်နေရာရှိနေပြီ ။ ကိုယ့်အားနဲ့ကိုယ် သမာအာဇီဝကျတဲ့ အလုပ်ကိုလုပ်စားတာတောင် မင်းအမေမသိအောင် ခိုးကြောင်ခိုးဝှက် လုပ်စားရတယ် ။ မင်း ငါ့ကို သနားရင် လမ်းခွဲပေးပြီး မင်းလမ်းမင်းလျှောက်ပါတော့ ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now