ep 5

60.1K 6.3K 564
                                    


လမ်းခွဲပြီးနောက် စွဲညို့ထွက်သွားပြီးတစ်ပတ်အကြာ ချမ်း ကျောင်းကို ပုံမှန်အတိုင်းပြန်လာခဲ့သည် ။ ဒီတစ်ပတ်လုံး အခန်းထဲပိတ်ပြီး တစ်ယောက်တည်းငိုကြွေးနေရာမှာ တော်သင့်ပြီဟု ထင်မိ၍ ကိုယ့်ရဲ့စိတ်ကို ပြင်ဆင်ကာ ပုံမှန်တက္ကသိုလ်ကျောင်းသားလို ကျောင်းပျော်ကြီးလုပ်ရန် ဆုံးဖြတ်လိုက်သည် ။

" မင်းကြည့်ရတာ အဘွားကြီးဆီက တကယ့်ကို အချီကြီးရခဲ့ပုံပဲ ။ တစ်နှစ်ပတ်လုံး ရေကလွဲပြီး ကျန်တာဘာမှမစားတဲ့သူက ဟမ်ဘာကာတွေ ဘာတွေဝယ်စားလို့ ၊ ပြီးတော့ အင်္ကျီအသစ်တွေနဲ့ပါလား "'

တက္ကသိုလ်canteen မှာ တစ်ယောက်တည်းထိုင်ပြီး မုန့်စားရင်းစာကြည့်နေတဲ့ ချမ်းကို ဒီဒီးက နောက်ကနေ ကျောကုန်းကို အားရပါးရထုရိုက်ပြီး စနောက်လိုက်သည် ။

" ဒီဒီး............ ငါမင်းကို တစ်ခုပြောမယ် ။ ဒီအကြောင်းနဲ့ပက်သက်ပြီး ငါ့ကိုအစမဖော်ပေးလို့မရဘူးလား ။ဘေးလူကြားရင် ငါ့ကို ပိုင်းလုံးကောင်လို့ထင်နေဦးမယ် ။ ပြီးတော့ ငါက အခုတစ်ယောက်တည်းနေနေတာ ၊ ကုန်ကျစရိတ်တွေချွေတာစရာမလိုတော့တဲ့ အတွက် အနည်းဆုံးတော့ သူများစားသလို စားနိုင်ပါတယ်ကွာ ။ ခုချိန်မှာ သူ့ကိုကြိုးစားပြီး မေ့နေတာမလို့ ကျေးဇူးပြုပြီး သူနဲ့ပက်သက်တဲ့အကြောင်းတွေ တတ်နိုင်သမျှမပြောမိစေနဲ့ ။ ငါအကူညီတောင်းတာပါ ''

" အင်းပါ ....... မင်းမကြိုက်ဘူးဆိုလည်းမပြောတော့ပါဘူး ။ မင်းကိုလည်း အရင်ကလို ဒုက္ခမခံဘဲ အေးဆေးနေလို့ရတဲ့ဘ၀မှာ နေစေချင်တယ် ။ သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းရုန်းကန်နေရတာကို ငါမကြည့်ရက်ဘူး "'

" နားလည်ပေးလို့ ကျေးဇူး ။ ဘာစားမလဲ ..... ငါကျွေးမယ် "'

" ဘောစိကကျွေးမယ်ဆိုတော့လည်း မငြင်းတော့ပါဘူး "

ဒီဒီးက ရွှတ်နောက်နောက်နဲ့ အအေးတစ်ခွက်မှာယူပြီး နှစ်ဦးသား တခြားအကြောင်းအရာများပေါ် စကားဆက်ကြလေသည် ။

တော်သေးလို့ ဘုရားမ,လို့ ဒီcanteenမှာ သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေ သိပ်မရှိခဲ့တာ ။ အရင်တုန်းက စွဲညို့သူဋ္ဌေးသားဘ၀နဲ့တုန်းကတော့ တစ်ခုခုစားမယ်ဆို သူ့ကားလေးနဲ့ ကောင်းပေ့ဆိုတဲ့ဆိုင်တွေကိုပဲ သွားခဲ့တာ ။ ဟော ..... စွဲညို့ အိမ်ပေါ်က ဆင်းလာတော့လည်း ကုန်ကျစရိတ်ချွေတာရအောင်ဆိုပြီး တက္ကသိုလ်canteen ကို တားမြစ်နယ်မြေလို့ သတ်မှတ်ခဲ့တာ ။ ဒါပေမယ့် တစ်ခါတလေတော့ စွဲညို့ကို ကောင်းကောင်းကျွေးချင်တဲ့စိတ်နဲ့ လက်ထဲငွေနည်းနည်းစုမိရင် canteen ကိုတော့ ခေါ်လာဖူးပါတယ် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now