ep 18

50.7K 4.8K 327
                                    

စွဲညို့ရဲ့ အိမ်ကိုပြောင်းလာလို့ရပြီဆိုတာနဲ့ ချမ်းတစ်ယောက် နည်းနည်းလေးမှတောင် အချိန်မဆွဲခဲ့ပါဘူး ။ အကုန်အဆင်ပြေပေမယ့် ပြသနာ တစ်ခုကြောင့် စွဲညို့နဲ့ချမ်း အခြေအတင်ဖြစ်ခဲ့ရသေးသည် ။

ဒါက တခြားတော့မဟုတ် အစုတ်အဟောင်းတွေကို သံယောဇဉ်ကြီးလွန်းသည့် ချမ်းတစ်ယောက် တိုလီမုတ်စကစ အကုန်လုံး ထည့်သိမ်းလာခဲ့ခြင်းကြောင့်ဖြစ်သည် ။ သူ့ပစ္စည်းဆို အပ်တစ်ချောင်းကစ နှမြောတွန့်တိုတတ်တဲ့ ချမ်းနဲ့ အ၀တ်စားတစ်ထည်ကို နှစ်ခါလောက်ဝတ်မိရုံနဲ့ expiry date ကုန်ပြီလို့ထင်နေတဲ့ စွဲညို့ အဲ့မှာစတွေ့တာပဲ ။

" ဒီခရီးဆောင်အိတ်ကြီးကို ပစ်လိုက်စမ်းပါကွာ ။ ဟိုမှာ မင်းအဖို့ ဗီဒိုအသစ်တွေထည့်ထားပေးတယ် ။ ဒါကိုမှ ခရီးဆောင်သေတ္တာကိုပဲ လိုချင်ပါတယ်ဆိုရင်လည်း မင်းအဖို့ အသစ်ဝယ်ပေးမယ် ။ ဒါတွေမသယ်ခဲ့နဲ့ လွှတ်လိုက်တော့ ''

" အကောင်းကြီးကို ဘာကိစ္စလွှင့်ပစ်ရမှာလဲ ။ ပြီးတော့ ဒီအိတ်က ငါ တက္ကသိုလ်ဝင်ခွင့်ရတဲ့အချိန်တုန်းက ကျောင်းတက်ဖို့အတွက် ငါ့အဖေ ဈေးကြီးပေးပြီးဝယ်ခဲ့တဲ့ လက်ဆောင် ၊ မင်းအသစ်ဝယ်ပေးတဲ့ အိတ်လည်း ယူမယ် ။ ဒါကိုလည်း သိမ်းထားမယ် ။ မတွန့်တိုပါနဲ့ကွာ ။ ခရီးဆောင်အိတ်အဟောင်းတစ်လုံးက မင်းကို အန္တာရယ်မပေးနိုင်ပါဘူး ''

သူရဲ့ ခရီးဆောင်အိတ်အဟောင်းကို သူ့နောက်မှာပြန်ဖွက်ရင်း ချမ်းကပြောတော့ စွဲညို့ မတတ်သာစွာနဲ့ လက်လျော့လိုက်ရသည်။ ပြီးနောက် မျက်စိထဲ ကန့်လန့်ကန့်လန့်ဖြစ်နေတဲ့ ပစ္စည်းပုံကြားတစ်ချက်ကြည့်ပြီး ....

" ဒီထမင်းပေါင်းအိုးတွေပါ ယူသွားမှာလား ....... ''

" ဒါပေါ့ .............. ဒီပေါင်းအိုးက ငါ့ရဲ့ ပထမဆုံးရတဲ့ အချိန်ပိုင်းလုပ်အားခထဲကနေ ၀ယ်ထားတာ ။ ကိုယ့်လုပ်အားနဲ့ရှာပြီး ၀ယ်ထားရတဲ့ ပစ္စည်းမလို့ စည်ပင်ကားပေါ် လွယ်လွယ်မတင်ပစ်ချင်ပါဘူး ။ ဒါပေမယ့် အဟောင်းတွေပြန်ရောင်းလို့ရတဲ့ online shop ကနေ မင်း မျက်စိအရမ်းနှောက်နေတဲ့ ပစ္စည်းတစ်ချို့ကို ပြန်ထုတ်ရောင်းကြည့်မယ်လေ ။ ပြန်ဝယ်တဲ့သူရှိရင်တော့ နှမြောပေမယ့် ရောင်းလိုက်လို့ရပါသေးတယ် ။ ဒီအတိုင်းလွှင့်ပစ်ဖို့က နှမြောစရာကြီး ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now