ep 12

60.7K 5.6K 531
                                    

မနေ့ညက အဖြစ်အပျက်ပြီးနောက် ချမ်း အလုပ်သွားသင့် မသွားသင့် အကြာကြီးစဉ်းစားနေ၍ ပုံမှန်ထက် တစ်နာရီ နောက်ကျကာ အိမ်မှာပင် ရှိနေတုန်းဖြစ်သည် ။ ရှေ့တိုးရင်တိုး မတိုးရင်နောက်ဆုတ် ရွေးချယ်စရာနှစ်ခုပဲ ရှိတဲ့အခြေအနေမှာ ချမ်း ဘယ်တစ်ခုကို ရွေးချယ်ရမှန်း မသိတော့ ။ တစ်ဖက်တွင် သားအတွက် မျှော်လင့်ချက်တွေအကုန်ပုံအပ်ထားသည့် မိခင်နှင့် တစ်ဖက်တွင်လည်း သူ့ကိုမှ ရူးရူးမိုက်မိုက်ရွေးချယ်ချင်နေသည့် ချစ်ရသူကြား ငါသေသွားမှအေးမှာပါ ဟုတောင်အော်ညည်းလိုက်ချင်မိသည် ။

ဒီအတိုင်းဘာရယ်မဟုတ် နယ်မှာရှိနေတဲ့ အဖေ့ကိုသတိရလာ၍ ချမ်း ဖုန်းဆက်ခေါ်လိုက်သည် ။

Ringing...........

Ringing..............

" Hello........ သားရေ ''

" ဖေဖေ ............. နေကောင်းလား ''

" ကောင်းတာပေါ့ ......... ဖေဖေတို့ကို စိတ်မပူပါနဲ့ ။ ဖေဖေတို့ဒီမှာ အကုန်အဆင်ပြေတယ် ။ အော် ......... သတင်းကောင်းတစ်ခုရှိတယ် ။ မင်းညီလေးလေ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတာ ကျလာပြီ ။ မင်းတက်ခဲ့တဲ့ကျောင်းမှာ သူဝင်ခွင့်ရတယ် ။ အဲ့ကြောင့် နောက်လပိုင်းလောက်နေရင် သူ့ကို မင်းနဲ့အတူ ထားရင်ကောင်းမလားလို့ ''

သတင်းကောင်းဆိုလို့ ရုတ်တရက်ပျော်သွားပေမယ့် သူ့အခြေအနေကို ရုတ်တရက်ကြီး သတိရလာသောကြောင့် ချမ်း အသက်ရှူရကျပ်လာသည် ။ အကယ်၍ သူသာ စွဲညို့နဲ့ ဆက်ပြီး ပက်သက်နေဦးမယ်ဆိုရင် သူ့အလုပ်အကိုင်တွေ အဆင်ပြေတော့မှာ မဟုတ်ဘူး ။ သူ့မှာ အလုပ်မရှိရင် တစ်ဦးတည်းရှိတဲ့ညီလေးကို ထောက်ပံ့ပေးနိုင်တော့မှာမဟုတ်ဘူး ။ နယ်မှာကျောင်းတက်တုန်းကတော့ မိဘတွေ တာဝန်ဆိုပေမယ့် ခု သူဘွဲ့ရပြီ ။ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်ပြီဆိုတော့ ဒီညီလေးတစ်ယောက်အတွက် သူ့အနားရှိတုန်း လိုအပ်တာတွေကို သူကပဲ ထောက်ပံ့ပေးချင်သည် ။ ဒါတွေက သူ အလုပ်ရှိမှ ............ အလုပ်အဆင်ပြေမှ ရမှာ ။

" သား ............ ဖေဖေပြောတာ ကြားလား ။ နေမကောင်းဘူးလား ။ အသံတိတ်နေလို့ ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now