ep 27 + အပိုင်းသစ်ဖြည့်စွက်

58.4K 4.6K 498
                                    

" စွဲညို့စေနိုင်................''

တံခါးဖွင့်သံအဆုံးမှာ ထွက်ပေါ်လာသည့် အသံစူးစူးကြောင့် ကိတ်မုန့်ကိုအရသာခံ စားနေသည့် စွဲညို့တစ်ယောက်လန့်ဖြန့်သွားကာ နောက်တစ်ဖန်သူ့နူတ်ခမ်းကို ကိုက်မိသွားသည် ။ Mouse ကို ကိုင်ထားတဲ့လက်လေးတောင် ဘေးကိုချော်ထွက်သွားပြီး သူ့နာမည်ကို စူးစူးဝါးဝါးခေါ်နေသည့် အကြင်သူဆီကိုအကြည့်ရောက်သွား၏ ။

" ချမ်း ......... မင်းရောက်လာတာနဲ့ အတော်ပဲ ။ ငါဒီမှာ မင်းအတွက် ဖိနပ်ရွေးနေတာ ။ မင်း ဘယ်တံဆိပ်ကြိုက်လဲ လာကြည့်လှည့် ''

" ၀ယ်ပြန်ပြီလား ။ အိမ်မှာတောင် မင်းဝယ်ထားတဲ့ဖိနပ်တွေက ဘီဒိုတစ်လုံးစာ ရှိတော့မယ် ။ နေဦး ....... ဒါက အရေးမကြီးဘူး ။ မင်း ဒီအင်္ကျီကို ဘယ်လောက်နဲ့ ၀ယ်ခဲ့တာလဲ ''

ရှူးရှူးရှဲရှဲနဲ့ သူ့အနားကပ်လာတဲ့ ချစ်ရသူကြောင့် စွဲညို့ပင်ခပ်လန့်လန့်ဖြစ်လာသည် ။ မဟုတ်မှလွဲရော ဒီအင်္ကျီရဲ့ ဈေးနူန်းအမှန်ကို ချမ်းသိသွားတာများလား ။

" ငါ ..... ငါလည်းမသိဘူး ။ ဒါကို ငါလက်ဆောင်ရတာ ''

" ဘယ်သူက ပေးတာလဲ ။ ဘာကြောင့်ပေးတာလဲ ။ ဘယ်လောက်ထိရင်းနှီးနေလို့ ဒီလိုတန်ဖိုးကြီးအင်္ကျီမျိုးကိုပေးရတာလဲ ''

သူ မှားယွင်းသောအဖြေကို ရွေးမိသွားတာလားမသိ ။ ချမ်းတစ်ယောက် မေးခွန်းတွေကို တရစပ်မေးလာပြီး သူ့ရှေ့တည့်တည့် မျက်လုံးပြူးကြီးနဲ့ကြည့်လာလေသည် ။

" ဟို ............ ငါ့ .. ငါ့အမေရဲ့ စီးပွားရေးပါတနာထဲက တစ်ယောက်က မျက်နှာလုပ်ပြီးပေးတာပါ ။ ငါတောင် အဲ့အမျိုးသမီးကို မမြင်ဖူးဘူး ။ မင်းကလည်း အလကားရတာကိုတောင် ဈေးကိုင်နေသေးတယ် ။ ဒီည ပါတီမှာ သိပ်မသောက်နဲ့ဦးနော် ။ ငါက မေတို့နဲ့အတူထိုင်ရမှာမလို့ မင်းကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး ''

" မပူပါနဲ့ ငါက ကလေးမှမဟုတ်တာ ။ ဒါနဲ့ စကားမစပ် မင်းရှာနေတဲ့ဖိနပ်တံဆိပ်တွေက ငါ့ဖို့လား ။ ဒါဆို မ၀ယ်နဲ့တော့ ..... အဲ့အစား ပိုက်ဆံပဲ စုရအောင် ''

သူ ချမ်းကို အားမရတာဒါတွေပဲ ။ ကိုယ်ချစ်သူတစ်ယောက်လုံး ဒီလောက်ထိရှာနိုင်တာကို သူက ဘာကြောင့် ဒီလောက်ထိ မထိရက်မသုံးရက် ကပ်စေးနည်းနေရတာလဲ ။ သေရင် ကိုယ့်နောက်ပါမှာမှ မဟုတ်တာ ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now