ep 15

58K 5.7K 457
                                    


ပထမဦးဆုံး အလုပ်ဝင်ရမှာမို့ ချမ်းတစ်ယောက် အရမ်းကို စိတ်လှုပ်ရှားနေပြီး အသက်ရှူမမှန်ဖြစ်နေသည် ။ အိမ်အောက်မှာ ရပ်ထားသည့် ကားအကောင်းစားကြီးကြောင့် စွဲညို့ရောက်နေမှန်း သိလိုက်၍ ချမ်းသည် သူ့ရဲ့ဂျင်းလွယ်အိတ်ကို ဆွဲပြီး လျှင်မြန်စွာပင်အောက်ထပ်ပြေးဆင်းလာသည် ။

" ငါ အဆင်ပြေရဲ့လား စွဲညို့ "'

သူ့မှာရှိတဲ့အကောင်းဆုံးအင်္ကျီကို ကောက်ဝတ်လာသည်မို့ မပြေဘူးဟုပြောလာလျှင်တောင် ပြန်လဲဖို့ အ၀တ်မရှိ ။ စွဲညို့က နေကာမျက်မှန်ကို နည်းနည်းအောက်ချကာ မမှိန်မသုန်ကြည့်ရင်း နူတ်ခမ်းတစ်ချက်တွန့်လိုက်သည် ။

" မင်းရဲ့လွယ်အိတ်က ဘိုးတော်ဘုရားလေးဖက်ကုန်းအရွယ်က အမှတ်တရထုတ်ထားတဲ့ ရှေးဟောင်းလွယ်အိတ်ကြီးမလား ။ အဲ့လွယ်အိတ်က ဘာများအဖိုးတန်နေလို့ ဘယ်သွားသွား အာ့ပဲလွယ်သွားနေရတာလဲ ''

" အမ် .......... မင်းပြောမှ ငါ့လွယ်အိတ်တော်တော် အခြေအနေဆိုးနေမှန်းသိတော့တယ် ။ လမ်းသွားရင်း အိတ်ဆိုင်ဝင်ပြီး တစ်လုံးလောက်ဝင်ဝယ်ရအောင် ၊ အချိန်ရှိသေးတယ်မလား ''

ကပ်စေးနည်းကော်တရာက လွယ်အိတ်ဝယ်မယ်လို့ အလွယ်တကူပြောလာတော့ စွဲညို့မယုံရဲသလိုကြည့်ကာ ကားတံခါးဖွင့်ပေးလိုက်သည် ။

" ဒီနေ့တော့ အလုပ်ဝင်တာ ပထမဆုံးရက်မလို့ ငါ့ကားနဲ့လိုက်စီး ။ GM မောင်းပေးတဲ့ကားကို ဂုဏ်ယူဝံ့ကြွားစွာစီးပြီးတော့ အစကောင်းအောင်လုပ်ခဲ့ပါ ဟုတ်ပြီလား .......... ချစ် ''

နောက်ဆုံးက ချစ်ဆိုတဲ့ နာမ်စားကြောင့် ကားထဲဖင်တခြမ်းပဲရောက်သေးသည့် ချမ်း, သည် နားကြားမှားလေသလားဆိုပြီး ခေါင်းပြန်မော့ကြည့်လာသည် ။

" မင်း ဘယ်လိုခေါ်လိုက်တုန်း............... ''

" ထပ်ကြားချင်သေးလို့လား ........ ချစ်ဖို့ကောင်းလိုက်တာ ၊ ကလေးကျနေတာပဲ ချစ်ရယ် ........... အ ... အား ... ဘာလုပ်တာလဲ .. လွှတ်စမ်း ''

နားရွက်တစ်ဖက်လိမ်ဆွဲခံရသောကြောင့် စွဲညို့တစ်ယောက် ကားတံခါးကိုကိုင်လျှက် ကျန်လက်တစ်ဖက်က သူ့နားရွက်ကိုဆွဲထားသည့် ချမ်းရဲ့လက်ကို ပြန်ရိုက်ပုတ်နေမိသည် ။ ချမ်း , သည်တော်တော်နဲ့မလွှတ်ပေးသေးဘဲ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now