ep 11

61K 6.2K 486
                                    

ဤအပိုင်းတွင် အနည်းငယ်ကြမ်းတမ်းတဲ့ စကားလုံးများပါနေ၍ မျက်နှာပူပူနဲ့ ကြိုတင်တောင်းပန်ပါရစေ ။ဒီတစ်ပိုင်းပါပဲ နောက်အပိုင်းတွေ မထည့်တော့ပါဘူးနော် 🙏🙏🙏။

****************

ချမ်း ကားထဲမှာ စောင့်နေတာ နာရီဝက်လောက်ရှိပြီ ။ စွဲညို့က ခုထိ အိမ်ပေါ်က မဆင်းလာသေး ။ သူများကိုကျ အချိန်တိကျမှကြိုက်တယ်ဆိုတဲ့ကောင်က သူကိုယ်တိုင်ကျ အချိန်ကိုလေးစားတဲ့ထဲမှာမပါ ။ အရင်တုန်းက စွဲညို့ကို စိတ်ပြတ်သားပြီး ထင်တိုင်းကြဲတတ်တဲ့ လူပေါ်ကြော့သူဋ္ဌေးသားလို့ပဲ သိထားတာ ခုမှပဲ အတိတ်က ကိစ္စကို အတိတ်မှာမထားတတ်ဘဲ လက်ရှိဘ၀ထိ ယူလာပြီး လက်စားချေချင်နေတဲ့ ကလေးဆန်ဆန်လူတစ်ယောက်မှန်း တစ်စတစ်စသိလာသည် ။ မည်သို့ပင်ဆိုစေကာမူ စွဲညို့ရဲ့ ကလေးဆန်တာလေးက ချစ်ဖို့ကောင်းပါသေးသည် ။

တော်တော်ကြာမှ စွဲညို့သည် ကျော့မော့နေတဲ့ ဖက်ရှင်အပြည့်နဲ့ ကားနောက်ခန်းထဲ ၀င်ထိုင်လာသည် ။

" AB Club ကိုမောင်း ။ ဒီည ဟိုကောင်တွေနဲ့ ကဲဖို့ချိန်းထားတယ် ''

" ထပ်ပြီးတော့ ကလပ်ပဲလား ............ ''

" Why .......... ? ငါက မင်းကို သံတော်ဦးတင်ရဦးမှာလား ။ မင်းက ဘာမလို့လဲ ? ''

" Sorry .......... ဒီအခြေအနေကို ငါမေ့သွားလို့ ''

ချမ်းပြီးပြီးရောပြောလိုက်တော့ ကားနောက်ခန်းဆီက စွဲညို့၏မဲ့ပြုံးကို မှန်ကနေတဆင့် အမြင်ကတ်ဖွယ်ရာ မြင်လိုက်ရသည် ။ ကလေးအကွက်တွေသုံးပြီး လုပ်နေပုံက စွဲညို့ မပီသလိုက်တာ ။

ကလပ်ထဲရောက်တာ့ ချမ်းက လိုက်မ၀င်ချင်ပေမယ့် စွဲညို့က အတင်းလိုက်ဝင်ခိုင်းသည် ။

" ဟိုတစ်ခါတုန်းက ကျောင်းတုန်းကသူငယ်ချင်းတွေရှေ့မှာ ငါမင်းကို ဟန်ဆောင်ပြီး ကူညီပေးခဲ့တယ်လေ ။ ဒီတစ်ခါ ငါ့အလှည့်ပဲ ....... သွားရအောင် မင်းမှာ ငြင်းပိုင်ခွင့်မရှိဘူး ''

" ချီးတဲ့မှ ............."'

" မင်း ငါ့ကို ဆဲလိုက်တာလား .........''

" ဟုတ်ပါဘူး .......... မင်း နားကြားမှားတာ နေမှာပါ ''

စွဲညို့ ချမ်းကို မျက်စောင်းထိုးလိုက်တာလား မသိ ။ ဆောင့်ဆောင့်အောင့်အောင့်နဲ့ ကလပ်ထဲကို ၀င်သွားသည့် စွဲညို့နောက် ချမ်း မချိုမချဉ်ပြုံးရင်း လိုက်ခဲ့လေသည် ။ ချမ်းအနေနဲ့ ဘယ်လောက်ပဲ ဆူညံသံတွေကို မုန်းတယ်ဆိုဦးတော့ စွဲညို့အနားမှာနေမယ်ဆိုရင် ဒီဆူညံသံတွေနဲ့ နေသားကျအောင်ကျင့်ရဦးမှာလေ ။ ကောင်းစေချင်လို့ လက်လွှတ်ပေးခဲ့ပေမယ့် အရင်ကထက်ပိုပြီး ပေတေလာတဲ့ စွဲညို့က လောကကြီးကို အရွဲ့တိုက်နေသလားဟုပင် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now