Extra

45.5K 4K 248
                                    

တစ်နှစ်ဆိုတဲ့အချိန်ကာလဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲပစ်ဖို့အတွက် လုံလောက်ပါတယ် ။ ဒါပေမယ့် စွဲညို့စေနိုင်ရဲ့ တရားဝင်ခင်ပွန်းဖြစ်သူ ငြိမ်းချမ်းကိုတော့ မပြောင်းလဲပစ်နိုင်ပါဘူး ။

သူဋ္ဌေးကိုရပြီးနောက်ပိုင်း အလိုလိုက်ခံရတော့ ချမ်း ခဏခဏ အလုပ်နောက်ကျတတ်လာသည် ။ သူတစ်ယောက်တည်း နောက်ကျတာ အကြောင်းမဟုတ် ၊ အထွေထွေမန်နေဂျာရာထူးကနေ မန်းနေဂျင်းဒါရိုက်တာရာထူးကို တက်သွားတဲ့ စွဲညို့စေနိုင်လည်း သူ့ရဲ့ချစ်လှစွာသော ခင်ပွန်းဖြစ်သူနှင့်အတူ ရောယောင်နောက်ကျတတ်လာပါသည် ။

ချမ်းက မကြာခဏ အိပ်ယာထနောက်ကျတတ်သည် ။ အစောကြီးထတတ်တဲ့ စွဲညို့က အလုပ်အရင်သွားမယ်ဆိုတော့လည်း ချမ်းက မကြိုက် ။ တစ်လမ်းထဲ တစ်ရုံးတည်းကို ဘာကိစ္စ ဆီဖိုးနှစ်ခါ ကုန်ကြရမှာလဲဆိုပြီး အတူတူသွားဖို့အမြဲဆွဲထားတတ်သည် ။ သို့သော် သူ ဘယ်တော့မှ ၀ီရိယကောင်းကောင်းနှင့် စောစောမထတတ် ။

ဒီနေ့လည်း ထိုနည်းလည်းကောင်းပဲ ။ စွဲညို့ သူရေချိုးပြီးတဲ့အထိ ချမ်းက အိပ်ယာထဲမှာပဲမလို့ သူ ချမ်းကို ပွေ့ပြီး Bath Tub ထဲကို ပစ်ချခဲ့သည် ။ ပြီးနောက် အ၀တ်စားလဲဖို့ အိပ်ခန်းထဲကို ပြန်လာခဲ့သည် ။ ဒါပေမယ့် ၁၅ မိနစ်ကြာပြီး သူ အ၀တ်စားလဲပြီးတဲ့အထိ ရေချိုးခန်းထဲက ဘာသံမှမကြားလို့ စွဲညို့ သင်္ကာမကင်းဖြစ်ပြီး ရေချိုးခန်းထဲကို သွားပြန်ကြည့်လိုက်ရာ Bath Tub ထဲမှာ ပါးစပ်ကြီးဟပြီး အိပ်ပျော်နေသည့် ချမ်းကိုတွေ့လိုက်ရ၍ သူတော်တော်လေး တင်းသွားသည် ။

ဒါကြောင့် စွဲညို့ ရေအေးတွေကို တမင်ဖွင့်ချလိုက်သည် ။

" ဟမလေး .... အေး ...အေးလိုက်တာ ........ စွဲညို့စေနိုင် ။ မနက်စောစောစီးစီး မင်းငါ့ကို အသေသတ်ဖို့ ကြိုးစားနေတာလား "

ချမ်း အိပ်နေရာမှ ကမန်းကတမ်းထထိုင်ပြီး သူ့ကိုလက်ပိုက်ကြည့်နေသည့် စွဲညို့ကို ငေါက်ငမ်းလိုက်သည် ။ ထိုအခါမှ စွဲညို့က ရေပူကိုပါ အချိုးစပ်ရောစပ်ကာ ဖွင့်ချပြီး ချမ်းရဲ့ ညအိပ်ဝတ်ကို ချွတ်ကူလိုက်သည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now