Ep 30 ( Final)

72.4K 4.7K 461
                                    

" ပါးရည်နားရည်တွေတွန့်ပြီး ဆံဖြူသွားကျိုးတဲ့အချိန်ထိ ဒီလူသားမင်းအတွက် အသက်ရှင်နေပါ့မယ် ။ အို ကမ္ဘာကြီး အိုကမ္ဘာကြီး ပျက်စီးသွားခဲ့တောင် ဒီအချစ်က မင်းအပေါ် ထာဝရထက်တစ်ရက်ပိုသည် .......နောက်ဘ၀တွေအထိ ''

လူတစ်ယောက်ဟာ အရမ်းစိတ်ရွှင်နေရင် ခုလိုပဲ လွတ်သွားတတ်သလားမသိ ။ ချမ်းတစ်ယောက် မနက်ကတည်းက သီချင်းလေးတကြော်ကြော်နဲ့ အိမ်ထဲဝင်လိုက်ထွက်လိုက်နဲ့ အရူပ်တွေလုပ်နေလေသည် ။ ကျောက်ပတ်တီးဖြေထားတာလည်း သိပ်မကြာသေးတော့ လက်ရှိအခြေအနေမှာ ချမ်းက လူမမာပဲမို့ စွဲညို့က သူ့ကိုအလုပ်ပင်မသွားစေဘဲ အိမ်မှာပင်နေစေခဲ့သည် ။ အစကတော့ ချစ်သူ့အသံဆို ငှက်ဆိုးထိုးသံကြီးဖြစ်နေပါစေ စွဲညို့အတွက်က နားဝင်ချိုနေတတ်ပေမယ့် ဒီတစ်ခါတော့မရ ...... သူ တော်တော်လေးကို တင်းနေပြီ ။ ကျွန်တော်ပြောပြဖူးလားမသိဘူး .......... ချမ်းက ဒီအတိုင်းစကားလေးပြောရင် ချစ်ဖို့ကောင်းလောက်အောင် နားဝင်ချိုပေမယ့် သီချင်းဆိုလိုက်ရင်တော့ ရုပ်နဲ့တောင်မလိုက်တော့ဘူးဆိုတာကို ။

" ချမ်း ....... ကျေးဇူးပြုပြီး သီချင်းမဆိုဘဲ နေပေးလို့မရဘူးလား ''

" Wae ........... ငါ့ပါးစပ်နဲ့ငါဆိုတာ မင်းလေကုန်သွားလို့လား ''

" ဒါဆိုလည်း တခြားတစ်ကြောင်းဖြစ်ဖြစ်ပြောင်းဆိုပေးလို့ မရဘူးလား ။ မနက်အိပ်ယာထကတည်းကနေ ခု ညနေခင်းရောက်တဲ့အထိ အဲ့တစ်ကြောင်းကိုပဲ ထပ်ခါတလဲလဲဆိုနေတာ ။ တစ်ပုဒ်လုံးလည်းမဟုတ် တစ်ပိုဒ်ထဲလည်းမဟုတ် ဘာလို့  အဲ့နေရာ အဲ့စာသားကိုပဲ ထပ်ခါထပ်ခါဆိုနေရတာလဲ ။ ကြာတော့ ငါလည်းနားထောင်ရတာ ရိုးသွားပြီလေ ''

စွဲညို့ပြောတာလည်းဟုတ်သား ။ တစ်နေ့လုံး ဒီစာသားတစ်ကြောင်းတည်းကိုပဲ သူပါးစပ်စွဲနေတာ ။ သူ့ကိုယ်သူတောင် သတိမထားလိုက်မိဘူး ။

ချမ်း သူ့ခေါင်းသူပြန်ကုတ်ပြီး စွဲညို့ကို သွားဖြီးပြကာ ရယ်ကျဲကျဲလုပ်ပြလိုက်သည် ။

" Sorry ..... I'm so sorry ..... ငါသီချင်းတစ်ပုဒ်လုံးကို အလွတ်မရဘူးဟ ။ အဲ့တစ်ကြောင်းတည်းရတာ ။ ဒါပေမယ့် မင်းနားထောင်ချင်ရင်တော့ နောက်တစ်ကြောင်းသွားကျက်လိုက်မယ်လေ ။ သီချင်းလေးတအေးအေးနဲ့ အလုပ်လုပ်ရတာက ငါ့အတွက်တော့ I feel so good ပဲ ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now