ep 8

62.9K 5.7K 226
                                    

" ဟိုဖက်တိုးစမ်း ................... ''

ချမ်းရဲ့လက်မောင်းသည် တံတောင်နဲ့တွတ်ခံရပြီး ပိုင်စိုးပိုင်နင်းအမိန့်ပေးသံကြောင့် ချမ်း မျက်လုံးပြူးပြီး မော့ကြည့်လိုက်မိသည် ။

သေစမ်း .............. ဒီကောင်က ဘာလို့ အချိန်ကိုက် ပေါ်လာရတာလဲ ။

" ဟာ ........... စွဲညို့ ။ မင်းကို မလာတော့ဘူးထင်တာ လာသားပဲ ''

" မင်းမျက်စိလည်လမ်းမှားပြီး ရောက်လာတာတော့မဟုတ်ဘူးမလား ''

တစ်ယောက်တစ်ပေါက် မေးခွန်းတွေကြား စွဲညို့ကပြုံးလျှက်ပင် ချမ်းနံဘေးမှာ ခပ်တည်တည်ပင် ၀င်ထိုင်လိုက်သည် ။ ဒါကို အရိပ်ဖမ်းတော်လွန်းသည့် သူငယ်ဂျင်းတွေက ပြုံးစိစိနဲ့မေးလာသည် ။

" နေပါဦး .............. မင်းတို့နှစ်ယောက်ကဘာတွေလဲ ။ ပြန်တွဲနေကြတာလား.......... ''

ရင်ပူလို့ဆိုပြီး ရေမော့သောက်နေတဲ့ ချမ်းသည် ထိုမေးခွန်းကြောင့် သီးသွားပြီး တဟွတ်ဟွတ်နဲ့ သူ့ရင်ဘတ်ကိုသူပြန်ထုရိုက်နေသည် ။ စွဲညို့ကတော့ သူ့ရဲ့မူပိုင်အပြုံးအတိုင်း ခပ်ပေါ့ပေါ့ပင်ပြုံးကာ ပခုံးတွန့်ပြလိုက်သည် ။

" အာ ............ အမှန်က ချမ်းက ငါ့ရဲ့ ..... အု ...''

အရမ်းကို ဂုဏ်ဆာချင်နေသော စွဲညို့၏ပါးစပ်ကို ချမ်း သူ့လက်နဲ့ လျှင်မြန်စွာပိတ်ထားလိုက်သည် ။ အမှန်တရားကို သူ့သူငယ်ချင်းသိလို့မဖြစ်ဘူး ။ ရှိမဲ့စုမဲ့ သိက္ခာလေးတွေ အကုန်မြောင်းထဲရောက်ကုန်လိမ့်မယ် ။

" ဟုတ်တယ် ............. ငါတို့ပြန်တွဲနေကြတာ ''

ဆိုင်းမဆင့်ဗုံမဆင့် ချမ်း ဖြေလိုက်တဲ့အဖြေကြောင့် တစ်ဝိုင်းလုံးတိတ်ဆိတ်သွားပြီး ပါးစပ်တွေ အဟောင်းသားဖြစ်သွားသည် ။ ချမ်း အကြောင်း အူမချေးခါးအထိ သိတယ်လို့သူ့ကိုယ်သူအမြဲ ဂုဏ်ဆာနေတဲ့ ဒီဒီးပင် ၀ါးလက်စ အသားတုံး ပါးစပ်ထဲက ပြန်ပြုတ်ကျသွားသည် ။ ချမ်းကို ကလိကလိလုပ်ချင်လို့ စနောက်ရန်ကြံရွယ်လိုက်တဲ့ စွဲညို့သည် surprise အကြီးစားရသွားကာ သူ့ပါးစပ်ကိုအုပ်ထားတဲ့ ချမ်း လက်ကိုဖယ်ဖို့ပင် မေ့လျော့သွားသည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now