ep 10

64.7K 5.8K 435
                                    

~~ မင်းတစ်ယောက်တည်းသာ ပိုင်ချင်တယ် ~~~ ဘ၀တစ်ခုလုံးရဲ့အချစ်ဆုံးရယ် ~~~ ဘယ်သူမှလည်း ကိုယ်ချစ်မရတယ် ~~ အကြင်နာရဆုံး မင်းပဲ အချစ်ရယ် ~~

ဆက်တိုက်မြည်နေတဲ့ ဖုန်းသံကြောင့် ချမ်း မျက်လုံးမဖွင့်ဘဲ ဖုန်းကို ကောက်ကိုင်လိုက်တော့ တစ်ဖက်မှာ အသံစူးစူးသည် နားစည်ကွဲမတတ် ထွက်ပေါ်လာသည် ။

" ဟေ့ကောင် ................ မင်းရဲ့ အလုပ်ရှင်ကို ပြန်နိုးခိုင်းနေတာလား ။ ဘယ်အချိန်ရှိပြီမို့ ခုထိမထသေးတာလဲ ။ ငါက မင်းကို ဖုန်းဆက်ပြီး ပြန်နိုးနေရတယ် ။ ခုချက်ချင်း ထစမ်း.......... ''

" မထနိုင်ဘူး ............... မင်းမကြိုက်ရင် ငါ့ကို အလုပ်ဖြုတ်လိုက် ။ ဒါပဲ ပင်ပန်းလို့ ပြန်အိပ်လိုက်ဦးမယ် ''

ပြောပြီးချက်ချင်း ဖုန်းကို ပါဝါပိတ်ကာ ပြန်အိပ်နေလိုက်သည် ။ ချမ်းတကယ်ပင် အရမ်းပင်ပန်းနေသလို ခံစားရကာ လူက နုံးချိနေသည် ။ အလုပ်ရှင်က ရည်းစားဟောင်းမလို့ အလုပ်ပြုတ်သွားရင်လည်း သူ့အတွက် နစ်နာတာမရှိပါဘူး ။

သူ ပြန်အိပ်ပျော်သွားတာ နာရီဝက်ပင် မကြာသေးဘူးထင်တယ် ။ အိမ်ရှေ့တံခါးကို တဘုန်းဘုန်းထုရိုက်သံကြားလို့ ချမ်း ငိုချင်စိတ်တောင်ပေါက်လာသည် ။ မထနိုင်ပါဘူးဆို ဘယ်ကအနှောက်အယှက်တွေက ၀င်လာမှန်းမသိဘူး ။ လေးပင်နေတဲ့ ခန္ဓာကိုယ်ကို မနည်းနိုင်အောင်သယ်ကာ အိမ်ရှေ့တံခါးဆီ လျှောက်လာလိုက်သည် ။

" စောစောစီးစီး ဘယ်သူ ............... အင့် ''

ရုတ်တရက်တွန်းဖယ်ခံရ၍ နဂိုပြိုလဲချင်ချင်ဖြစ်နေသော ချမ်းသည် ကြမ်းပြင်ပေါ် ခွေလဲကျသွားသည် ။

" ဟာ......... ချမ်း ၊ ငါ မင်းကို ဖြေးဖြေးပဲ တွန်းလိုက်တာလေ ''

စွဲညို့ စိုးရိမ်တကြီး ချမ်း ကိုယ်လေးကိုပွေ့ချီလိုက်တော့ ပူကျစ်နေတဲ့အသားစိုင်တွေကို ထိတွေ့မိသွားသည် ။

" ဟင် .............. မင်း နေမကောင်းဖြစ်နေတာလား ....... ချမ်း ''

'' ရတယ် .............. ဆေးသောက်ပြီး ပြန်အိပ်နေလိုက်မယ် ''

စွဲညို့လက်ထဲက ရုန်းဖယ်ပြီး ထရပ်ရန်ကြိုးစားနေသော ချမ်းသည် ဂျိုင်းအောက်ကနေ မ,ချီခံရမှုကြောင့် လူက ပေါပေါ့ပါးပါးပင် စွဲညို့၏ လက်ပေါ်ပါသွားသည် ။ စွဲညို့သည် ချမ်းကို အိပ်ယာပေါ်ညင်သာစွာချပေးပြီးနောက် နဖူးကိုလက်ဝါးနဲ့ စမ်းကာပြောလိုက်သည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now