ep 22

47.6K 4.8K 182
                                    

ပြသနာတွေကိုဖြေရှင်းတဲ့နေရာမှာ စွဲညို့ဟာ ဘာစွမ်းသလဲမမေးနဲ့ ။ ချမ်း, လာတဲ့အချိန်တုန်းက သူ့ကိုစားမတတ်ဝါးမတတ် ကြည့်နေကြသော အလုပ်သမားများသည် စွဲညို့ကိုမြင်တော့ Chairman ရဲ့သားမှန်းတန်းသိလိုက်၍ အားကိုးယုံကြည်တဲ့မျက်နှာတွေနဲ့ ရောက်လာကာ စွဲညို့ကို သူတို့ရဲ့အခက်အခဲများကို ရင်ဖွင့်လာကြသည် ။ စွဲညို့သည် အပြင်ပန်းမောက်မာသည့်ပုံပေါ်သော်လည်း ကိုယ်ချင်းစာစိတ်မဆိုစလောက်လေးရှိတာမို့ အားလုံးအဆင်ပြေစေရမည်ဟု ကတိပေးကာ ချမ်းနဲ့အတူ အိမ်ကိုပြန်လာခဲ့သည် ။

အပြန်ခရီးမို့ နှစ်ဦးသား သီချင်းလေး တအေးအေးနဲ့ ကားကို အေးဆေးမောင်းကာ လတ်ဆတ်တဲ့လေထုရနံ့ကို အပြည့်အ၀ခံစားရင်း ဟာသတွေပြောလာကြသည် ။

" ခဏ ........... ခဏလေး ........ ရှေ့လမ်းကျရင် ညာဖက်ကို ချိုးလိုက် ၊ ငါ ၀င်စရာ တစ်နေရာလေး ရှိလို့ ''

မြို့ထဲကိုပဲ ၀င်နေပြီကို လျှာရှည်ပြီးဘယ်ထပ်သွားချင်နေမှန်းမသိတဲ့ ချမ်းကြောင့် စွဲညို့က မျက်နှာခပ်မဲ့မဲ့ဖြစ်သွား၏ ။

" မင်းကလည်းကွာ .......... ဘယ်ထပ်သွားဦးမလို့လဲ ။ ငါ ပင်ပန်းနေပြီ ၊ အိမ်ပြန်အနားယူချင်နေပြီလေ ''

" ခဏပဲလေ ........ မင်းကလည်း ၊ လမ်းကြုံလို့ တစ်ချက်ဝင်ကြည့်မလို့ဟာ ..... တကူးတက ခိုင်းနေတာလည်း မဟုတ်ဘဲ ''

ချမ်း၏နူတ်ခမ်းလေး တစ်ချက်ဆူလိုက်ရုံနဲ့ စွဲညို့ရဲ့ကားလေးသည် လမ်းညာဖက်ကို ချက်ချင်းချိုးကွေ့ပြီးသား ဖြစ်သွားသည် ။ ချမ်းကတော့ ကျေနပ်အားရစွာပြုံးလျှက် စွဲညို့၏ လက်မောင်းကို လက်သီးဆုပ်လေးနှင့် ခပ်ဖွဖွထိုးရင်း ကျီစယ်လိုက်သည် ။

စွဲညို့က ကြာလေ လက်မလွှတ်ချင်စရာကောင်းလေပဲ ။

ချမ်းပြောတဲ့ နေရာက ခရစ်ယာန် သီလရှင်ကျောင်းတစ်ခုပင် ဖြစ်သည် ။ အတိအကျဆိုရလျှင် မိဘမဲ့ကလေးများနှင့် ခိုကိုးရာမဲ့ ဖြစ်နေသည့် မိန်းကလေးငယ်များကို ထိန်းသိမ်းစောက်ရှောင့်ပေးထားသည့် နေရာတစ်ခု ။

ချမ်းနဲ့သူက ကိုးကွယ်သည့်ဘာသာမတူသော်လည်း ဒီကိစ္စနဲ့ပက်သက်ပြီး ဒါကိုပြသနာတစ်ခုလို့ မတွေးဖူး ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now