ep 17

52K 5.2K 579
                                    

" ဟဲ့ ............. နင်ချိန်နေတဲ့ GM အခု သူများနောက်ပါသွားပြီ။ တစ်ရှူးလိုရင်ပြောနော် တစ်ယောက်တည်းကြိတ်မငိုနဲ့ ''

နောက်ပါးဆီက ထွက်ပေါ်လာသည့် စကားသံကြောင့် စာရွက်တွေ စီထည့်နေသည့် ချမ်း၏ ကျောပြင်သည် ဆတ်ခနဲ မတ်သွားကာ နားရွက်လေးကားသွားသလိုပင် ခံစားလိုက်ရသည် ။

ဧကန်န သူနဲ့စွဲညို့ အကြောင်းကို တစ်ယောက်ယောက်က သိသွားတာများလား ဟုတွေးမိပေမယ့် ....

" သိတယ် သိတယ် ........... လာမပြောနဲ့ ။ မနေ့ည ပုံတွေတက်လာကတည်းက ငိုချင်နေတာကို ။ မနည်းစိတ်ထိန်းပြီး အလုပ်လာပါတယ်ဆိုမှ နင်က အနာကို တုတ်နဲ့ဆွပြန်ပြီ ...... အီးဟီး......... ရွှတ် ''

" ဖြစ်ရပြန်ပြီ ကောင်မရယ် ............... ဟိုက နင်ရှိနေမှန်းတောင် မသိဘဲနဲ့ ။ သူနဲ့တန်ရာတန်ရာကို သူရွေးသွားတာ စိတ်ထဲ သိပ်မခံစားနဲ့ ။ တိတ်တိတ် ........... ငါ မစ,တော့ဘူးနော် ''

တစ်ခုခုတော့ မှားနေပြီဆိုတာကို သိလိုက်ရ၍ ချမ်း, သူတို့ဘက်ကိုလှည့်ကြည့်ကာ သိချင်စိတ်ပြင်းပြစွာနဲ့ မေးလိုက်မိ၏ ။

" နင်တို့ပြောနေတာ GM က တစ်ယောက်ယောက်နဲ့ ပက်သက်နေတယ်ဆိုတဲ့အကြောင်းလား ။ ဘယ်ကနေ ကောလဟာလကြားလာတာလဲ ''

အနည်းငယ် ဂဏာမငြိမ်ဖြစ်နေသည့် ချမ်း၏ပုံစံကြောင့် ငိုမဲ့မဲ့ဖြစ်နေသည့် နီလာဆိုသည့် ကောင်မလေးပင် ကြောင်အမ်းသွားသည် ။ သို့သော် သိပ်မကြာလိုက်ပဲ အသံထွက်ကာ တအင့်အင့်ရိုက်ငိုလာသည် ။

" ဗြဲ .............. ငြိမ်းချမ်း ............. နင်က ဘယ်လိုလူမျိုးလဲ ။ သူများအသည်းကွဲနေတာကို သေချာအောင်လို့ လာမေးတာလား ။ စိတ်မကြည်ပါဘူးဆိုမှ တစ်ရုံးလုံးက အနာကို တုတ်နဲ့ဝိုင်းထိုးနေကြတယ် ''

" ဘာက သေချာလဲ ငါ့ကိုမပြောဘဲ ငိုနေတော့ ငါက ကပြရမှာလား ။ ငါမေးတာရှင်းရှင်းလေး GM နဲ့ ပက်သက်တဲ့ ကောလဟာလက ဘယ်ကနေ ကြားလာတာလဲလို့ ပဲမေးတာ ။ နင်က ငိုနေတော့ ငါပါ လိုက်ငိုကူရမှာလား ။ ငါလည်း သိပ်ပြီး စိတ်ကြည်နေတာ မဟုတ်ဘူး''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now