ep 19

49.5K 4.8K 292
                                    

ကုမ္ပဏီကိုသွားဖို့ ချမ်းကို ကားတစ်စီးပေးထားပေမယ့် ချမ်းက ယူမသုံးချေ ။ အခွင့်ရေးမျိုးက ရတိုင်းလည်းမယူကောင်း ။ ATM card တွေ ယူသုံးတာလောက်က စွဲညို့အမေမသိနိုင်ပေမယ့် ကားတစ်စီးလုံးကြီးကျ ဒေါ်သက်ထားသခင်သေချာပေါက် မြင်မှာလေ ။ ဒါကြောင့် သိသာသိစေမမြင်စေပါနဲ့ ဆိုတဲ့စကားအတိုင်း သူတို့နှစ်ဦးချစ်နေကြမှန်းသိထားပေမယ့် ဒီအဘွားကြီး မျက်စိနောက်အောင်တော့ မနေချင်သေး ။

ချစ်သူတွေပဲ အပိုတွေလုပ်ပြီး အခန်းခွဲအိပ်စရာလား ၊ အရင်ကလည်း တစ်ခန်းထဲမျှသုံးဖူးတာပဲ ၊ နောက်လည်း အခန်းပေါင်းရမှာချင်းတူတူ ခုကတည်းက တစ်ခန်းထဲတူတူသုံးမယ် ။ စသော စသော အကြောင်းပြချက်မျိုးစုံကြောင့် ချမ်းသည် စွဲညို့နဲ့ တစ်ခန်းတည်းအတူတူသုံးဖြစ်သွားသည် ။

တစ်ခန်းတည်းအတူတူသုံးတယ်ဆိုလို့ တစ်ချို့ကိစ္စတွေကို အထင်ကြီးပြီး သန်ရာသန်ရာမတွေးစေချင် ။ စွဲညို့ဟာ ညဖက်တော်တော်မိုးချုပ်တဲ့အထိ အလုပ်လုပ်နေတတ်ပြီး ချမ်း,က အစောကြီးအိပ်ယာဝင်တတ်သည် ။ စွဲညို့တစ်ယောက် အလုပ်လုပ်လို့ပြီးသွားပြီဆိုမှ အိပ်ယာထဲပြန်ဝင်လာပြီး အိပ်မောကျနေတဲ့ ချမ်း,ကို တစ်ညလုံးဖက်ကာ အိပ်စက်တတ်၏ ။ ဒါကြောင့် ချမ်းအတွက် ပုံမှန်အိပ်စက်ချိန်က အနည်းဆုံး ၈ နာရီရှိနိုင်ပေမယ့် စွဲညို့အတွက်က တစ်ခါတလေ လက်တစ်ဖက်တောင်မပြည့်တတ်။ အသက်တူတူ ကျောင်းတူတူပြီးတယ်ဆိုရင်တောင် လုပ်ငန်းခွင်တာဝန်ယူမှုတွေမှာ စွဲညို့က ပိုပြီးတာဝန်ကြီးတယ်မို့လား ။ ဘာဖြစ်ဖြစ် သူ့အတွက် ဘေးမှာ ချမ်း ရှိနေရုံနဲ့ကို လုံလောက်ပြီမို့ ။

မူမမှန်တဲ့အထိအတွေ့တစ်ချို့ကြောင့် အိပ်မောကျနေသည့် ချမ်းသည် မျက်လုံးတစ်ဖက်ကို အတင်းဖွင့်ကြည့်လိုက်တော့ ရေစက်တွေတွဲခိုနေသည့် ရေစိုဆံပင်နဲ့ သူ့မျက်နှာထက်မှာ အုပ်မိုးထားသည့် စွဲညို့ကိုမြင်လိုက်လေရာ နူတ်ခမ်းတစ်ချက်ဆူပြီး ချမ်းသည် တစ်ဖက်သို့ စောင်းကာ ပြန်အိပ်လိုက်၏ ။

စွဲညို့သည် ချမ်းကို ဆက်မနိုးတော့ဘဲ ပါးပြင်ကိုဖွဖွလေးနမ်းကာ အနားနားကပ်ပြောလိုက်သည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now