ep 7

62.7K 6.1K 634
                                    


မင်းမကြိုက်တဲ့နေရာတွေ အကုန်သွားမှာ ဆိုတဲ့စကားက စွဲညို့စနောက်နေခြင်းမဟုတ် ။ နိုက်ကလပ် ၊ ကာစီနိုဝိုင်း အရက်ဘား စွဲညို့မသွားတဲ့နေရာမရှိ ။

ခုလည်း ကလပ်ထဲမှာ သူတို့သူငယ်ချင်းတစ်စုနဲ့ အရက်သောက်နေတုန်း ချမ်းက အပြင်က စောင့်နေရသည် ။ တစ်နာရီကျော်ထိ မထွက်လာ၍ ချမ်းက ဖင်တကြွကြွနဲ့ ဖြစ်နေပြီ ။

ဆူညံပြီး လူရူပ်တဲ့နေရာတွေကို စွဲညို့ခုထိသဘောကျနေတုန်းထင်သည် ။ ကလပ်ထဲဝင်သွားတာ တစ်နာရီလောက်ရှိနေပြီမလို့ ချမ်းစိတ်မရှည်ချင်တော့ ။ သူ့အလုပ်သမားဆိုပေမယ့် အလုပ်ချိန်ပြင်ပထိပါ သူ့နောက်တစ်ကောက်ကောက်လိုက်နေရတာက မဟုတ်သေးဘူး ။ ချမ်းပါ ကလပ်ထဲလိုက်ဝင်ပြီး စွဲညို့ကိုလိုက်ရှာလိုက်သည် ။ ဆူညံသော DJ သံကြောင့် စိတ်ကမကြည်ချင် ၊ မီးရောင်မှိန်မှိန်အောက် ကွေးကောက်နေအောင် ကနေတဲ့သူတွေကြား စွဲညို့ကိုလိုက်ရှာကြည့်သော်လည်းမတွေ့ ။ ရှာရင်းရှာရင်း နောက်ဆုံး အထောင့်စွန်းဝိုင်းမှာ မိန်းမတစ်ယောက်ကိုပေါင်ပေါ်တင်ထားကာ အရက်ကိုအရသာခံသောက်နေသည့် စွဲညို့ကိုတွေ့လိုက်ရသောကြောင့် ချမ်းခြေလှမ်းတွေတုံ့ဆိုင်းသွားသည် ။

စွဲညို့ကိုဒီလိုပုံစံနဲ့မြင်လိုက်ရတာ သူ့ကိုနာကျင်စေသည် ။ ဖြစ်နိုင်ရင် သူထွက်လာတဲ့အထိ ကားထဲမှာပဲသွားစောင့်နေရင်ကောင်းမလား စဉ်းစားမိပေမယ့် ဒီမိန်းမတွေနဲ့ ပစ်မထားချင်၍ ခပ်သွက်သွက်ပင်လျှောက်သွားလိုက်သည် ။

" အကိုလေး .......... အိမ်ပြန်ရအောင် ........ "

စွဲညို့ကော သူ့သူငယ်ချင်းတွေပါ ချမ်းကို ၀ိုင်းကြည့်လာကြပြီး တစ်ယောက်က ချမ်းကို မှတ်မိသွားသည် ။

'' မင်းက သူ့ရဲ့ရည်းစားဟောင်းမလား ''

" ခင်ဗျားတို့ လူမှားနေပြီ ............''

ချမ်း ချက်ချင်းပင် ငြင်းပယ်ပြီး စွဲညို့ရှေ့ကားသော့ကို ချပေးလိုက်သည် ။ သူ အမုန်းဆုံးက အရွဲ့တိုက်ပြီး မိန်းမတစ်ယောက်နဲ့ ပွတ်သီးပွတ်သပ်နေတာကိုပဲ ။ ဘယ်လောက်ပဲ သူတို့နှစ်ယောက်မဆိုင်တော့ပေမယ့် ကိုယ့်စိတ်နဲ့ကိုယ် သ၀န်တိုလို့ရပါသေးတယ် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now