ဆုံမှတ်(၁)

29.1K 469 21
                                    

ထိုဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များမှာ စိတ်ကူးယဥ်များသာ ဖြစ်ပြီး၊ဇာတ်အိမ်မှာလည်း စာရေးသူ၏ စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည်။

မိုးတွေရွာသွန်းတိုင်း ကျွန်မ ငယ်ဘဝရဲ့ အချစ်ဦးကို အရမ်းသတိရတယ်။တစ်နွေကုန်လို့ တစ်မိုးပြောင်းရင်း ကျွန်မ ရဲ့ ရင်ထဲ ငယ်ချစ်ဦးကို ဦးစွာ သတိရနေမိပါတယ်။

                                                ကျွန်မ နာမည် မြတ်နိုးပါ။ကျွန်မ အစိုးရကျောင်းကနေprivate ကျောင်းကို ပြောင်းလာချိန် ကျွန်မ အသက် (၁၄) ၈တန်း အရွယ်ပေါ့ ၊ရင်ခုန်တတ်စချစ်တတ်စပြုလာတဲ့အရွယ်လို့ ပြောရင်လည်းမမှားဘူးပေါ့ရှင့်။ကျွန်မ ဟာ အင်မတန် ထူးခြားတဲ့လူငယ်တစ်ယောက်ပါ၊ဘာလို့လည်းဆိုတော့ကျွန်မ တို့အဲဒီခေတ်အခါက လူငယ်အကြိုက်ဖြစ်တဲ့ သီချင်းတွေ မကြိုက်ဘဲ အရင်ခေတ်က တေးသံရှင်တွေက ပိုပြီး သဘောကျ ခဲ့တယ်၊ထိုနည်းတူစွာ ရင်ခုန်တတ်ဖူးသစ်စအရွယ်က ရင်ခုန်ခဲ့တဲ့ အချစ်ဦးလို့ အမည် တွင်တဲ့ ငယ်ချစ်ဦးသည်လည်း ကျွန်မ နဲ့ ရွယ်တူမဟုတ်ဘဲ ကျွန်မ ထက် (၁၅)နှစ်လောက်ကြီးနေခဲ့တော့တယ်။

လွန် ခဲ့သော် (၂၅) နှစ်ခန့် အတန်းအရ ပြောရရင် ကျွန်မ (၈)တန်းတက်ရောက်မဲ့ နှစ်ပေါ့

"သမီး နင်ကို ငါတို့ကျောင်းပြောင်းတော့မယ်"

ထမင်းစားခန်းမှာ မထင်မှတ်ဘဲ အမေ စကားလေး ကြောင့် ကျွန်မ တစ်ခဏတွေဝေးသွားတယ်အကြောင်းကတော့ ကျွန်မရဲ့ ကျောင်းဟောင်းက သူငယ်ချင်း အချို့ကိုပဲ ပြေးမြင်မိပြီး သူတို့ကို ကျွန်မ မခွဲနိုင်လောက်ဘူးလို့ ထင်ခဲ့မိတယ်။

"အမေတို့က သမီးကို မတိုင်ပင်ဘူးဗျာ...သမီးကျောင်းတွေပြောင်းနေရတာပဲဒီနှစ်ထဲ ဘယ်နှစ်ခါ ရှိနေပြီးလဲ လို့ " ကျွန်မ က နှုတ်ခမ်းပါးကို ပိုင်ဆိုင်ထားတဲ့ သူ ပီပီ ခဏခဏ ကျောင်းတွေပြောင်းရ၊တစ်နေရာမှာ အထိုင်ကျပြီးဆို နောက်တစ်နေရာ ပြောင်းရ လုပ်နေရတာကြောင့် ကျွန်မ လွန်စွာ စိတ်ဆိုးမိတော့သည်။

" ဟဲ့ ဒီတစ်ခါ အစိုးရကျောင်းမဟုတ်ဘူး ကိုယ်ပိုင်ကျောင်း ပြီး မိန်းကလေးအပြင် ယောက်ျားလေးတွေကော်အကုန်ပါတယ်၊ပြီးတော့ စာကျက်ရမှာ ပျင်းတဲ့ နင်အတွက် ပိုပြီး အဆင်ပြေမယ်ထင်ပြီး နောက် တစ်နှစ် နှစ်နှစ် ဆို နင် ဆယ်တန်းလေ ပိုပြီး စာကျက်ချိန် ပိုထွက်အောင်ဟဲ့ မရှည်နဲ့ "လို့

ငယ်ချစ်ဦး(Childhood's Beloved Flame)Where stories live. Discover now