Part-1

13.7K 421 11
                                    

Unicode

လမ်းမကြီးတစ်ခု၏ လမ်းဘေးတစ်နေရာတွင်
မီးခိုးတစ်လူလူနှင့် ခေါင်းတစ်ခုလုံး ကြေမွနေသော
အနီရောင် ပြိုင်ကားလေးတစ်စီး။

ထို ကား၏ ဘေးတွင် ရပ်ကြည့်နေသော
လူအုပ်ကြီးနှင့် ကားထဲမှ လူကို မရမက
ဆွဲထုတ်နေကြသော လူတစ်စု။

ထို ဖြစ်စဉ်ကို တစ်ယောက် တစ်ပေါက်
ထင်ကြေးပေးနေကြသော စကားသံများ။

ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူနေကြသော လူများ။

အားလုံး၏ အလယ်တွင် သတိရတစ်ချက်
မရတစ်ချက် ဖြစ်နေသော ကောင်လေးတစ်ယောက်။

ထိုကောင်လေး ၏ မျက်လုံးများက ပွင့်နေသေးသည်။
သို့သော် ...ဦးခေါင်းထက်မှ စီးကျနေသော
သွေးစတို့က မျက်လုံးတစ်ဖက်ကို
ဖုံးအုပ်ထားပြီးဖြစ်သည်။

ထိုကောင်လေးတွင် ဘာခံစားချက်မှ မရှိ။
လှုပ်မရတော့သော ခန္ဓာကိုယ်နှင့် အတူ
လူတစ်ချို့၏ ဆွဲခေါ်ရာနောက်သို့
ပါသွားလေသည်။

..........

ဆေးရုံခန်းတစ်ခုအတွင်းရှိ လူနာကုတင်ပေါ်တွင်
မိန်းကလေးတစ်ယောက်က သတိလစ်မေ့မျောကာ
လှဲလျောင်းနေရသည်။
ထိုမိန်းကလေး​၏ ဘေးတွင် သူမ၏ လက်ကို
ကြင်နာယုယစွာ ဆုပ်ကိုင်ထားသော အမျိုးသား
တစ်ယောက်ရှိနေသည်။
ထိုအမျိုးသား၏ မျက်ဝန်းတွင် ဝမ်းနည်းရိပ်များ
သမ်းလျှက် နာကျင်မှုတို့က အထင်းသား.
ပေါ်လွင်လျှက်ရှိသည်။

"သားရယ်၊ ဒီနေ့တော့ ပြန်နားလိုက်နော်၊ ၊
ဒီည အန်တီမေ စောင့်လိုက်ပါ့မယ်၊
သားလဲ နေ့စဉ် ရက်ဆက်ဆိုတော့
ကြာရင် သားပါ လဲသွားလိမ့်မယ်၊ "

"ရပါတယ် အန်တီမေ၊
ကျွန်တော် မပင်ပန်းပါဘူး၊
ဒီမှာလည်း အိပ်လို့ အဆင်ပြေတာပဲလေ၊
ကျွန်တော်ပဲ စောင့်လက်စနဲ့ စောင့်လိုက်ပါ့မယ်၊
အန်တီမေလည်း ဆိုင်အလုပ်တွေ
ရှိနေသေးတာဆိုတော့၊ ပြန်လိုက်ပါ"

.........

ခပ်တိုးတိုးကြားနေရသော စကားသံများနှင့်
အတူ မျက်လုံးနှစ်ဖက်ကို အားယူရင်း
ဖွင့်ကြည့်လိုက်တော့၊ မျက်နှာကြက်
ဖြူဖြူတစ်ခုကို တွေ့ရှိလိုက်ရသည်။

လရိပ်Opowieści tętniące życiem. Odkryj je teraz