Part-15

2.8K 222 0
                                    

Unicode

ဒီနေ့ကိုစိုင်း မသိအောင် တစ်ယောက်တည်း
အပြင်သွားရန် ဇေသူ ဆုံးဖြတ်ထားသည်။
ဂျူး သည် အရွယ်ရောက်နေသော
မိန်းမတစ်ယောက် ဖြစ်သည်။
ဇေသူ့ထက်ပင် ခုနှစ်နှစ်လောက်ကြီးတော့၊
တစ်ယောက်တည်း အပြင်ထွက်လို့လည်း
ဘာမှ မဖြစ်ဟု ဇေသူယူဆသည်။
ဟိုတစ်နေ့က ဖြစ်ထား သည့်
ကိစ္စကို မကျေနပ်တာလည်းပါမည်။

အန်တီမေ ဆိုင်သွားတော့ အိမ်အကူဒေါ်လုံးနှင့်
ဇေသူသာ နှစ်ယောက်တည်း ကျန်ခဲ့သည်။
ဒီအချိန်သည် ဇေသူ့ အတွက် အကောင်းဆုံး
အချိန် ပင်၊ မနေ့က အန်တီမေ့ဆီက တောင်းထားတဲ့
ဖုန်းဘေဖိုးနှင့် ဂျူး၏ ဘီရိုထဲမှာ သိမ်းထားတဲ့
ပိုက်ဆံများ ပေါင်းကာ ရေတွက်လိုက်တော့။
တစ်သိန်းတိတိရှိသည် ။
ဒီလောက်ဆိုရင် လုံလောက်သည်လေ၊
ဂျူး၏ အိတ်တွေထဲမှ အသေးဆုံး
အိတ်တစ်ခုကို ရွေးကာ ပိုက်ဆံတွေ
ထည့်လိုက်ပြီး၊ ဖုန်းကို လက်က ကိုင်ကာ ....။

စာတော့ ရေးခဲ့ရမည်၊
တော်ကြာ အန်တီမေ စိတ်ပူနေလိမ့်မည်။

"မေမေ သမီး၊ စိတ်ပြေလက်ပျောက်
အပြင်ခဏ ထွက်ချင်လို့ ထွက်သွားတယ်၊
ညနေ ငါးနာရီလောက်ပြန်လာမယ်၊
စိတ်မပူနဲ့နော်"

ဒေါ်လုံး မီးဖိုချောင်ဝင်နေတုန်း၊
လစ်ထွက်ခဲ့လိုက်သည်။

လူတွေ အမြောက်အများ သွားလာ
လှုပ်ရှားနေသည့် လမ်းမကြီးထက်တွင်
ဇေသူ စိတ်လက် ပေါ့ပါးစွာ လျှောက်လာမိသည်။
ငါ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေတာ
တော်တော် ကြာခဲ့ပြီပဲ။
ထွက်သာထွက်လာခဲ့တာ ဘယ်သွားမယ်
ဆိုတာ မသေချာ။ ဘတ်စ်ကားဂိတ်မှာ
ထိုင်ကာ ဘယ်သွားရမလည်း စဉ်းစားနေမိသည်။

ဘတ်စ်ကားများသည် အလွန်တရာ ကျပ်ညပ်
လွန်းနေသည်။ ဘတ်စ်ကား တစ်ခါမှ
မစီးဖူးသဖြင့် ..၊ ဘယ်သွားလျှင် ဘာကား
စီးရမည်ကိုလည်း မသိတာကြောင့် တက်စ်စီ
တစ်စီးသာ ငှားလိုက်သည်။
ဇေသူ online မှာရှာတွေ့ထားသည့် ၊
အသစ်ဖွင့်သည့် မရောက်ဖူးသော
ရှော့ပင်း စင်တာသို့သာ ဦးတည်လိုက်သည်။

တစ်ယောက်တည်း ရုပ်ရှင်လက်မှတ်ဝယ်
ရုပ်ရှင်ကြည့် ၊ မုန့်စားနှင့် ပျော်အောင်နေမိသည်။
သို့သော် ထင်သလောက် မပျော်ရွှင်ရပါ၊

လရိပ်Where stories live. Discover now