Part-21

2.9K 220 1
                                    

Unicode

ရေခဲမုန့်ဗူးလေး ကိုင်ကာ ဝင်လာသော
ကိုစိုင်းနေကြောင့် ဇေသူ ပျော်လွန်းသဖြင့်
ထခုန်မိမတတ်ပင်။ အခန်းထဲမှာလည်း
ဘယ်သူမှ ရှိမနေတာကြောင့် ဖြစ်နိုင်လျှင်
ပြေးဖက် လိုက်ချင်သည်။

"ရေခဲမုန့် စားလို့ ရလားတော့ မသိဘူး..."

ဟုပြောကာ ဗူးလေးအားဇေသူ့ထံ ထိုးပေးတော့ ...

"ဟုတ်.....ကျေးဇူး...."

သူအနားမှာ လာထိုင်တော့ စိတ်ထဲ နည်းနည်း
ရှိန်မိသလို ခံစားရသည်။ ဇေသူက ခုချိန်ထိ
အိပ်ယာပေါ်က သေချာစွာ မထနိုင်သေးသော
အခြေအနေဖြစ်နေသေးသည်။
ခြေထောက်တို့က မလှုပ်ရှားတာကြာပြီ
ဖြစ်တာကြောင့် ဖြည်းဖြည်းချင်းဆီ
လေ့ကျင့်ခန်းလုပ်ရင်းနဲ့မှသာ ပြန်လည်
ကောင်းမွန်မည် ဖြစ်သည်။

ရုတ်တရက် ဇေသူ  သတိရသွားမိသူက ဂျူး...

"ဂျူးကော... ပြန်သတိရနေပြီလား...?"

ဇေသူ ကိုစိုင်းနေအား ထိုသို့မေးလိုက်တော့..

"အင်း.. သတိရနေပြီ...."

"ဪ....."

သူပျော်နေမှာပေါ့။
သူ့ကောင်မလေး သတိရလာတော့
သူဘယ်လောက်တောင် ပျော်နေလိမ့်မလဲ။

ဇေသူ့ကိုတော့ အားနာမိလို့ပဲ ဖြစ်ဖြစ်၊
သနားမိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်
သူ့ကောင်မလေး ခန္ဓာကိုယ်ကိုကောင်းမွန်စွာ
နေထိုင်ပေးခဲ့လို့  ကျေးဇူးတင်လို့ပဲ ဖြစ်ဖြစ်၊ 
တစ်ခုခုကြောင့်သာ လာတွေ့ ခြင်းဖြစ်လိမ့်မည်။

"စားလေ အရည်တွေ ပျော်ကုန်မယ်...၊
ပေး....ဖောက်ပေးရမလား...?"

"ဟုတ်..."

သူဖောက်ပေးထားသော ရေခဲမုန့်ဗူးလေး
အားယူလိုက်ကာ ရေခဲမုန့်တစ်လုပ်
ယူစားလိုက်ပြီး သူနဲ့ အတူ ရှိခဲ့တဲ့နေ့တို့
ကို ပြန်မြင်ယောင်ကာ  မျက်ရည်တို့
ဝဲတက်လာမိသည်။

"မြန်မြန် ကျန်းမာအောင် လုပ်နော်...၊
အားလည်း မလျှော့လိုက်နဲ့၊
မင်း အစစအရာရာ ဘာတစ်ခုမှ
ချွင်းချက်မရှိ ကျန်းမာနေတာကို
ငါ မြင်ချင်တယ်၊..."

လရိပ်Where stories live. Discover now