Part-10

2.9K 229 0
                                    

Unicode

ကိုစိုင်းနေဆီမှ ခွင့်ပြုချက်ရပြီး ကိုစိုင်းနေပါ
ငွေဆောင်လိုက်မည့် အကြောင်းကို ဖြူလေးထံ
ဖုန်းဆက်ပြီး၊ ၀မ်းသာအားရပြောမိသည်။
ဖြူလေးသည် ၊ ဇေသူ့ အတွက်တော့
မိန်းကလေးတစ်ယောက်မဟုတ်။
အခုချိန်မှာ တစ်ဦးထဲသော ယုံကြည်
အားကိုးရသည့် သူငယ်ချင်းတစ်ယောက်ပင်
ဖြစ်သည်။

သူမကတော့ ဂျူးအမှတ်နှင့် ကောင်းနေသော်လည်း သူမ၏ စိတ်ရင်းကို ခံစားမိသည်။

ဖြူလေးနဲ့ ဖုန်းပြောအပြီးတွင် ဂျူးဖုန်းမှာ
မှတ်ထားခြင်းမရှိတဲ့ ဖုန်းနံပါတ် အစိမ်းတစ်ခု
လာနေသဖြင့်၊ ကိုင်သင့်မကိုင်သင့်
စဉ်းစားနေမိသည်။

ဖုန်းက တော်တော်ကြာကြာ မြည်ပြီးမှ
ရပ်သွားသည်။ ခဏကြာတော့၊ မက်ဆေ့
တစ်စောင် ရောက်လာလေသည်။

"ဂျူးလေး ...ကို . ခန့်ထက်ပါ...၊
ဂျူး သတိရနေပြီိလို့ ကြားတယ်၊
ကို့ဖုန်းကို ကိုင်ပါနော်...?"

ထို မက်ဆေ့ကို ဖတ်ပြီး ဇေသူ နည်းနည်းတော့
ခေါင်းစားသွားသည်။ သို့သော်လည်း ဘာမှ
ပြန်မပြောတော့ပဲ ဒီတိုင်းပဲ ထားလိုက်တော့သည်။
ကိုယ်နဲ့ မဆိုင်တဲ့ personal တွေကျ
ဝင်မစွတ်ဖတ်ချင်တော့ဘူးလေ။

သို့သော် ညနေကျတော့ ထိုဖုန်းက ထပ်လာ
ပြန်သည်။ မကိုင်မချင်း ဆက်တိုက်ခေါ်နေတာ တော်တော်လေး ကြာသည်။ ကိုင်လိုက်လျှင်လည်း
ပြောစရာစကားမရှိ။ထို့ကြောင့် ထို ဖုန်းနံပါတ်ကို
ခဏ ဘလော့လိုက်ကာ ဖြူလေးထံ အကျိုးအကြောင်း ပြောပြဖို့ ဖုန်းဆက်လိုက်တော့ ခန့်ထက်ဆိုသော
လူကို ဖြူလေးလည်း မသိဟုဆိုသည်။

ဇေသူ ...ကိုစိုင်းကို ကျတော့မမေးချင်သေးပါ။
ဖြူလေးတောင် မသိသည့် လူတစ်ယောက်က
သာမာန် ပက်သက်မှုမျိုး ဖြစ်နိုင်ပါ့မလား။
ဇေသူ့ စိတ်ထဲ တစ်ခုခု ကို သံသယဝင်သလို
ဖြစ်လာမိသည်။

ခုချိန်မှာ ကိုစိုင်း မသိသေးတာ ကောင်းပါတယ်လေ..၊
ခန့်ထက် ဆိုသည့် နာမည်ကိုပဲ သတိထားပြီး
မှတ်ထားရုံပေါ့...။

..................

ငွေဆောင်သွားမယ့် နေ့သို့ ရောက်တော့၊
ကိုစိုင်းက အိမ်ကို အစောကြီးရောက်လာသည်။
ဇေသူ့အတွက် လိုအပ်သည့် ဆေးများကို
သေချာ စီစစ်ကာ ထည့်ပေးရုံနဲ့ မလုံလောက်ပါပဲ အဝတ်အစားများက အစ လိုက်စစ်နေလေသည်။

လရိပ်Unde poveștirile trăiesc. Descoperă acum