Part-20

2.9K 228 5
                                    

Unicode

"ကိုကို ဘာဖြစ်လို့လဲ...?"

စိုင်းနေ ဖုန်းကို မကိုင်ခင်၊ ဂျူးကြည့်လာသော
စိုးရိမ်တကြီး အကြည့်တွေကြောင့် နေရာတွင်
ပြန်ထိုင်လိုက် ၊ ဖုန်းအား silent
ပြန်လုပ်လိုက်သည်။

ဒီညလေးကိုတော့ အပျက်ခံလိုက်လို့ မဖြစ်၊
ဇေသူ ... မင်းသာ ပြန်သတိရတယ်ဆိုရင် .. ၊

ငါ ဝမ်းသာပါတယ်...။

"ဘာမှ မဖြစ်ဘူး... ၊
ဂျူးလေး.. စား...."

စိုင်းနေ ဖြစ်ပေါ်လာသော ခံစားချက်အလုံးစုံအား
အပြုံးနှင့် ဖုံးကွယ်လိုက်ကာ ၊ ပုံမှန်အတိုင်း
ပြန်နေလိုက်သည်။

........

ဂျူးကို ပြန်ပို့သော လမ်းတွင် ကားပေါ်မှာ
နှစ်ယောက်လုံး တိတ်ဆိတ်လျှက်၊
အတော်ကြာသည်အထိပင်။

"ကိုကို..?"

ဂျူးက စိုင်းနေအား ခေါ်လိုက်တာကြောင့်
ဂျူးကို ကြည့်မိတော့ သူမက ကားမှန်
ပြတင်းအပြင်ဘက်ကိုသာ ငေးစိုက် ကြည့်နေလျှက်....

"ကိုကို ဂျူးကို
ဘယ်လောက်ချစ်လဲ ဟင်....?"

စိုင်းနေဘက်ကို လှည့်မလာပဲမေးလိုက်သော
ဂျူး၏ အမေးကြောင့် စိတ်ထဲ
မတင်မကျ ဖြစ်သွားရသည်။

"ဂျူးရယ်၊ ကိုယ့်ဘဝမှာ ဂျူးကို
အချစ်ဆုံးပဲလေ၊ အဲ့တာကို ဂျူးအသိဆုံးပဲဟာ...."

"ဒါဆို... ဂျူး သတိမေ့နေတဲ့
အတောအတွင်း ကိုကိုနဲ့ ဂျူး
ဘာတွေ လုပ်ကြလဲ ပြောပြပါလား..?"

ဂျူးဘာလို့ ထိုအကြောင်းအရာတွေကို
သိချင်နေရသည်လဲ။ စိုင်းနေ မဖြေဖြစ်သေးပဲ၊
တွေဝေကာ စဉ်းစားနေချိန်တွင် ၊ ဂျူးကပဲ ထပ်မံ၍

"လွန်ခဲ့တဲ့ ခြောက်လလုံး၊
ကိုကို့အနားမှာရှိနေတဲ့ လူက
ဂျူး မဟုတ်သလိုပဲ ခံစားနေရတယ်...."

ဂျူး၏ စကားကြောင့် စိုင်းနေ
ထိတ်လန့်သွားမိသည်။
ဂျူးများတစ်ခုခုကို ရိပ်မိသွားလား..?

"ဖုန်းထဲမှာ ၊ ကိုကို့ပုံတွေ
အများကြီးတွေ့တယ် ကိုကို...၊ "

ဂျူးက စိုင်းနေဘက်လှည့်လာကာ
ပြုံးလိုက်ရင်း

"ကိုကို့ပုံတွေ တွေ့တာ
ဂျူးအတွက် မထူးဆန်းပေမယ့်၊
ကိုကိုနဲ့ ဂျူးနဲ့ စကားပြောထားတဲ့
ဗီဒီယိုတွေ တွေ့တာတော့ ဂျူးအတွက်
အရမ်းထူးဆန်းနေတယ်၊
အဓိကက နောက်ဆုံး ရိုက်ထားတဲ့
ဗီဒီယိုနဲ့ ဓာတ်ပုံလေးပဲ.... ၊
ဂျူး ဘယ်တုန်းကမှ စပါကတီကို
မကြိုက်ခဲ့ဖူးဘူး...၊ ပြီးတော့ ကိုကိုကလည်း
ဂျူးကို ဘယ်တုန်းကမှ မင်းလို့...."

လရိပ်जहाँ कहानियाँ रहती हैं। अभी खोजें