Part-18

2.8K 249 7
                                    

Unicode

အတိတ်ကာလ တစ်ခု.....

"ချွလင်...."

ဟော.. သူလာပြီ...

ကော်ဖီဆိုင်လေးတစ်ခုထဲ ဝင်လာသည်က
အရပ်ရှည်ရှည် ၊ အသားဖြူဖြူနှင့်
အမျိုးသားတစ်ယောက်...

ကောင်တာတွင် ဖုန်းလေးတစ်လုံးနှင့် အလုပ်
ရှုပ်နေသော ၁၆နှစ်အရွယ် ကောင်လေး
တစ်ယောက်က ထိုအမျိုးသားဝင်လာတာနှင့်
မျက်နှာပေါ်တွင် အပြုံးတို့ ရုတ်ချည်း
ပေါ်လာကာ ကောင်တာပေါ်တင်ထားသည့်
menu စာအုပ်လေးကို ဆွဲယူရင်း ...

"ကျွန်တော် သွားမေးပေးမယ် ..."

ကောင်လေးက ကော်ဖီဆိုင်ဝန်ထမ်းကိုပြောပြီး
တက်ကြွစွာထွက်သွားလေသည်။
ကောင်လေးက ထိုအမျိုးသား ထိုင်သည့်
စားပွဲရှေ့တွင် menu စာအုပ်လေး
ချပေးလိုက်တော့....

"Latte တစ်ခွက်..."

ထိုအမျိုးသားက menu ကိုမကြည့်ပဲ
ကော်ဖီ တစ်ခွက်မှာလိုက်လေသည်။
ကောင်လေးက ခေါင်းကိုညိတ်လိုက်ကာ..
အမျိုးသား၏စားပွဲဆီမှ ပြန်ထွက်လာတော့
မျက်နှာတွင် အပြုံးတို့ ပွင့်လန်းလျှက်..။

ထိုအမျိုးသား ကော်ဖီဆိုင်ကို လာသည့်
ရက်များမှာ အတိအကျ ဖြစ်တာကြောင့်
ကောင်လေးက ထို့ရက်များတွင် ကော်ဖီဆိုင်
တွင် အမြဲ လာစောင့်နေဖြစ်သည်။

သူ ကော်ဖီတစ်ခွက်ထဲကို မှာပြီး အကြာကြီး
နေနေတတ် တာကို ကောင်လေးက အမြဲ
ငေးကြည့်နေတတ်သည်။

ကောင်လေး ရင်ထဲမှာ
ထိုအမျိုးသားကို သိပ်ချစ်တဲ့ စိတ်တွေနဲ့ပေါ့...။

..................

ဂျူးရဲ့ ၂၃ နှစ်ပြည့် မွေးနေ့....

ဒီနေ့ သူမဟာ သိပ်ကို လှပနေသူ တစ်ယောက်..
သူမ ၏ မွေးနေ့ပွဲလေးကို ကော်ဖီဆိုင်လေးမှာ
surprise လုပ်ပြီး ကျင်းပပေးဖြစ်သည်။
ကော်ဖီဆိုင်ကို ရွေးချယ် လိုက်ရခြင်းက .. ၊
သူမဟာ အပြင်စာတွေ မစားသလို
ညဘက်ထွက်ရတာကို မနှစ်သက်သော
မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့်ဖြစ်သည်။
နောက်ပြီး ကော်ဖီကို သိပ်ကို နှစ်သက်သော
မိန်းကလေးတစ်ယောက်လည်း ဖြစ်သည်။

လရိပ်Unde poveștirile trăiesc. Descoperă acum