Part-6

3K 247 0
                                    

Unicode

ကားတစ်စီးပေါ်တွင် လူသုံးယောက် ရှိနေသော်လည်း တိတ်ဆိတ်လွန်းလှသည်။တစ်လမ်းလုံး တစ်ယောက်မှ
စကားတစ်ခွန်းမဆိုကြ..။ ဒီနေ့က ဇေသူ ဆေးရုံက
ဆင်းသော နေ့ဖြစ်သည်။

ကိုစိုင်းနှင့်ဂျူးတို့ တူတူနေကြသည်လား.?။
ဂျူးဆီမှာ နောက်ထပ် မိသားစုဝင်တွေ
ရှိသေးတာလား၊ ဆိုတာ ဇေသူ စဉ်းစားနေမိသည်။

ကားလေးက တိုက်ခန်းတစ်ခု ၏ အောက်တွင်
ရပ်လိုက်ပြီး ကားပါကင်ထိုးပြီး သည်နှင့် ကားပေါ်မှ
ကိုစိုင်းနေက အရင်ဆင်းသွားသည်။
သူက ကားနောက်ဖုံး အတွင်းမှ ပစ္စည်းများကို
သွားသယ်နေစဉ် ..အန်တီမေက
ဇေသူ့အား တံခါး လာဖွင့်ပေးပြီး...

"သမီးလေး ဆင်းတော့..၊
မေမေတို့ အိမ်ရောက်ပြီ"

"ဟုတ်..."

ဇေသူ ကားပေါ်မှ ဆင်းကာ တိုက်ခန်းကို
မော့ကြည့်လိုက်တော့ အပြင်က ကြည့်တာတောင် တော်တော် ကျဉ်းပြီး ဟောင်းနွမ်းနေသည်ကို
မြင်နေလိုက်ရသည်။ ဂျူးနေတဲ့ အိမ်က
ဒီတိုက်ခန်း မဟုတ်ပါစေနှင့် ဟု
ဆုတောင်းမိသော်လည်း...
ဇေသူ၏ ဆုတောင်းတို့ မပြည့်ဝခဲ့ပါ။
အန်တီမေက ထိုတိုက်ခန်းပေါ်သို့
တက်သွားနေပြီ ဖြစ်သည်။

"တက်လေ ...ဘာလုပ်နေတာလဲ.. ?"

အနောက်မှ အဝတ်အစား ထုတ်ကိုကိုင်ကာ
လိုက်လာသော ကိုစိုင်းနေက ပြောလိုက်ခြင်းဖြစ်သည်။
ဇေသူ မျက်နှာကြီးရှုံ့သွားကာ...

"ကျွန်တော်က ဒီမှာ နေရမှာလား...?"

"အင်းလေ ဒါ ဂျူးရဲ့ အိမ် ၊
ဒီမှာ မနေလို့ ဘယ်မှာ နေချင်တာလဲ...?"

ဇေသူစိတ်ညစ်သွားမိသည်။
တစ်သက်လုံး လိုလေသေးမရှိ
ပြည့်စုံကြွယ်ဝစွာနေခဲ့ ရသည်သာ။

အဘိုး၏ ချမ်းသာ ကြွယ်ဝမှုနှင့်အတူ
အဘိုးဆုံးတော့ တစ်ဦးတည်းသော
သမီးဖြစ်သည့် မေမေက အမွေအားလုံး
ဆက်ခံ ရရှိလိုက်သည်။
ထို့ကြောင့် ဇေသူက ဘာဆို ဘာမှ လိုလေသေး
ရှိခဲ့သည် မဟုတ်။ မွေးကတည်းက ကောင်းကောင်း
နေ ကောင်းကောင်းစားလာသူတစ်ယောက်ဖြစ်သည်။

လရိပ်Where stories live. Discover now