Part-14

2.7K 235 9
                                    

Unicode

ဆေးရုံကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျှောင်း
နေသော ဇေသူ၏  ခန္ဓာကိုယ် ဘေးရှိ စားပွဲလေးတွင် ၊
စိုင်းနေ ပန်းစည်းလေးကို တင်လိုက်သည်။

"ဂျူး....."  
                                                                                         ဖြစ်နိုင်တာမဖြစ်နိုင်တာကို၊စိုင်းနေ မစဉ်းစားချင်။
ခုချိန်မှာ ဂျူးသာ ဇေသူ့ကိုယ်ထဲမှာ  ရှိနေလျှင်
ဆိုသည့် စိတ်တစ်ခုထဲနှင့်၊ ဇေသူ့ ခန္ဓာကိုယ်
ရှိနေသည့် နေရာကို  မရောက်ရောက်အောင်
စုံစမ်းပြီး  လာခဲ့ခြင်းဖြစ်သည်။

စိုင်းနေ သူ၏လက်ကို ဂျူးအမှတ်နှင့်  ဆုပ်ကိုင်ရင်း
အနည်းဆုံးတော့ ဂျူးတစ်ယောက် နွေးထွေးမှုလေး
ရသွားပါစေ ဟူသော စိတ်တစ်ခုထဲနှင့်၊  

"ဂျူး ...၊ ကိုလေ မနက်က 
ဂျူးရဲ့မွေးနေ့ အတွက်
ဂျူးအရမ်းလှူချင်နေတဲ့ မိဘမဲ့ကျောင်းမှာ
သွားလှူခဲ့တယ်....၊ ပြီးတော့ ဘုရားမှာ
ဂျူးအတွက် ကုသိုလ်တွေလုပ်ခဲ့တယ်၊
ဂျူး သာဓုခေါ်နော်၊.. "

ဝဲတက်လာသော မျက်ရည်များကို မကျမိအောင်
ထိန်းရင်း အားတင်း ပြုံးလိုက်သည်။

"ကိုတို့ ဂျူး ပြန်အလာကို စောင့်နေကြတယ်၊
ဂျူး ပြန်လာမှာမလားဟင်...?"                             

လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မိတော့၊
ဂျူးဆိုသည့်  ခံစားချက်ကို ခံစားလိုက်ရသလိုပင်။  

"ခင်ဗျား ဘာလို့ ကျွန်တော့်ကို
ဒီကိုခေါ်လာတာလဲ....?"

အနောက်မှ မေးလိုက်သော ဇေသူ၏
မေးခွန်းကို မဖြေခင်.. 

"မင်းတို့ ရောက်နေတာလား...?"
ဟူသော အသံနှင့် အတူ အခန်းထဲသို့ဝင်လာသော
ဇေသူ၏ အမေကြောင့် စိုင်းနေ ထိုင်နေရာမှ
ထလိုက်သည်။ သူမမှာ အရင်လို  ရင့်သီးသော
အကြည့်များမရှိတော့ပေ။

သို့သော်လည်း စိုင်းနေက ဇေသူ၏  လက်ကို
ဆွဲကာ အခန်းထဲမှ  ထွက်မည် အလုပ် ဇေသူ၏
အမေက...    

"ခဏ ထိုင်ကြပါဦး....
အန်တီ ကော်ဖီဖျော်လိုက်ဦးမယ်..."

လွန်ခဲ့တဲ့ နှစ်လလောက်က
တွေခဲ့ရသည့် ဇေသူ့ အမေနဲ့ မတူတော့ပေ။

လရိပ်Where stories live. Discover now