Part-5

3K 239 3
                                    

Unicode

လက်ထဲတွင်နှင်းဆီပန်းစည်းတစ်ခုနှင့်
မျှော်လင့်ချက်ရေးရေးကို ဆုပ်ကိုင်ကာ
ဇေသူ့ အမေရှိရာသို့ စိတ်လှုပ်ရှားစွာ
လျှောက်လာမိသည်။

အခန်းရှေ့အရောက်တော့ အခန်းဝတွင်
ရပ်နေသော ဇေသူ၏ ပထွေးဖြစ်သူကို
အရင်တွေ့လိုက်ရသည်။

ထိုသူက စိုင်းနေကို လှမ်းကြည့်ကာ

"မင်း ဘာလာလုပ်ပြန်ပြီလဲ? သားရယ် ၊
ခင်လေးကို စိတ်ဒုက္ခ ထပ်မပေးပါနဲ့တော့...."

"အန်ကယ်၊
ကျွန်တော့်ကို အခန်းထဲ ၀င်ခွင့်ပေးပါ၊
ကျွန်တော် တောင်းပန်ပါတယ် ၊
ဒါနောက်ဆုံးပါပဲ.."

ထိုစဉ်အခန်းထဲမှ၊ ဇေသူ့ အမေထွက်လာလေသည်၊

စိုင်းနေကို တွေ့တွေ့ချင်း၊ စိတ်ရှုပ်သွားဟန်ရှိ
သော်လည်း၊ လက်ထဲမှပန်းစည်းကို မြင်သွားပြီး
မင်တက်သွားပုံရသည်။
စိုင်းနေ ပန်းစည်းအား သူမထံသို့ ကမ်းပေးလိုက်ကာ...

"အန်တီ့ရဲ့ လေးဆယ့်ခုနှစ်နှစ်ပြည့်
မွေးနေ့အတွက်၊ ဇေသူ့ဆီက လက်ဆောင်ပါ...၊
အန်တီရယ်...နောက်မကျသေးပါဘူးဗျာ...
အန်တီ့ ဆုံးဖြတ်ချက်ကို ပြင်လိုက်ပါ၊
မပြင်ချင်ရင်တောင််နည်းနည်းလောက်
ဖြစ်ဖြစ် နောက်ဆုတ်ပေးပါလား ဗျာ၊
ကျွန်တော် တောင်းပန်ပါတယ်..
အန်တီ မစောင့်လျှောက်နိုင်လည်း ၊
ကျွန်တော်လာပြီး စောင့်လျှောက်ပေးပါ့မယ် "

စိုင်းနေ ဒူးမထောက်ရုံတမယ် တောင်းပန်
နေမိချိန်တွင် သူမ၏ မျက်ဝန်းမှ မျက်ရည်များ
လိမ့်ဆင်းကျလာသည်။ စိုင်းနေ ထိုးပေးနေသော
ပန်းစည်းကို လှမ်းမယူသော်လည်း ထို ပန်းစည်းကို မျက်လုံးမခွာတန်း ကြည့်နေသည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက်၊

"သွားပါတော့...၊
အန်တီ ဆက်ပြီး မကြားသိပါရစေနဲ့တော့....."

ဘယ်လိုမှ ပြော၍မရပါ...၊
အမေတစ်ယောက်အနေနဲ့ ဘာလို့များ....
အဲ့လောက်ထိ စိတ်ဓာတ်မာကျော
ပြတ်သားရသလဲ...?

"နောက်နှစ်တွေမှာ...
ဇေသူ့ဆီကရမယ့် နှင်းဆီနီတွေကို
အန်တီ အလိုမရှိတော့ဘူးထင်တယ်....."

လရိပ်Onde histórias criam vida. Descubra agora