Part-25

3K 224 3
                                    

Unicode

"ကြိုက်တယ်လေ သမီး...၊
သူ အကြိုက်ဆုံး စားစရာက....."

"မေမေ..!!!"

ဇေသူ မေမေ့အား အတင်း တွန်းလိုက်ရင်း.....
ဆက်ပြောမည့် စကားကို မပြောစေတော့ပဲ၊

"မေမေ ... ခဏ အပြင်ထွက်ပေးပါ...."

ဇေသူ မေမေ့ကို ဧည့်ခန်းအပြင်ထိ
ခေါ်ထုတ်သွားပြီးအပြင်မှာ ထားခဲ့လိုက်သည်။
ဇေသူ ဧည့်ခန်းထဲ ပြန်ဝင်လာခဲ့ချိန် ၊
ဂျူးက ဇေသူ့အား သေချာစွာ စိုက်ကြည့်နေသည်။

ဇေသူ ခေါင်းကို ငုံ့ထားရင်း ၊ ဘယ်လို
အကြောင်းနှင့် အကြောင်းပြရမလဲ
စဉ်းစားနေဆဲမှာပင်..

"မောင်လေး မလား..? ၊ "

သူမက ထိုသို့မေးပြီး ဇေသူ့အား
အကဲခတ်နေကာ... ဇေသူ့ ဆီမှ
အဖြေတို့ မရသေးတာကြောင့်..

"လွန်ခဲ့တဲ့ ခြောက်လလုံးလူံး၊
အမချစ်သူ အနားမှာ ရှိနေတာ
မမ မဟုတ်ပဲ...မောင်လေး မလား...?"

ဂျူးသိသွားပြီ။

သူမဟာ သိပ်ကို ပါးနပ်လွန်းပါသည်။
ဇေသူ ခေါင်းလည်း မညိတ်သလို ခေါင်းလဲ မခါမိ။
ဒီတိုင်းသာ ရပ်မြဲ အတိုင်း ရပ်နေမိတော့
သူမ၏ ပါးပြင်တွင် မျက်ရည်တို့
စီးကျလာလေသည်။

"သူပြောင်းလဲနေတာ ယောက်ျား
တစ်ယောက်ကြောင့် ဖြစ်နေမယ်လို့
မမ မတွေးခဲ့ဖူးဘူး...."

သူမ၏ စကားက ဇေသူ့အား နာကျင်စေသည်။
သို့သော် အပြစ် လုပ်ထားသူက ဇေသူပဲ
မဟုတ်ပါလား။ ချစ်သူရှိနေသူအား
ပြစ်မှားမိသည့် အပြင်၊ သူတို့နှစ်ယောက်
ဆက်ဆံရေးကိုပါ ယိမ်းယိုင်ခဲ့စေသည်လေ။

"ကျွန်တော် တောင်းပန်ပါတယ် မမ၊
ကိုစိုင်းနေနဲ့ ပက်သက်ပြီး မရိုးသားခဲ့တာ ၊
ကျွန်တော် တစ်ယောက်တည်းပါ...
ကိုစိုင်းနေဘက်က တကယ်ရိုးသားပါတယ်၊
ပြီးတော့ သူ မမ တစ်ယောက်တည်းကိုပဲ ချစ်တာပါ၊
ခုလို သူပြောင်းလဲနေတယ် ဆိုတာကလည်း၊
ကျွန်တော်က မမ ခန္ဓာကိုယ်နဲ့ပဲ သူနဲ့ အနေ
နီးခဲ့တော့ သူထင်ယောင်ထင်းမှား
ဖြစ်နေတာ နေမှာပါ ၊"

ဇေသူ့စကားအဆုံးတွင် ဂျူးက
ခေါင်းကို ဖြည်းညင်းစွာ ခါရမ်း ရင်း.....

လရိပ်Where stories live. Discover now