Part-4

3.2K 250 0
                                    

Unicode

ခုချိန်မှာ ဘယ်သူမှ သေလို့ မဖြစ်ဘူး၊
ဘာမှ မသေချာ မရေရာသေးမယ့် အချိန်မှာ
တစ်ယောက်ယောက်သေသွားတာနဲ့၊
ဂျူးကို ဆုံးရှုံးရလိမ့်မယ်။
အတွေးတို့နှင့် အတူ နေရာမှ ဝုန်းခနဲထကာ
ဂျူးခန္ဓာကိုယ်ရှိရာ အခန်းသို့ ခပ်သွက်သွက်
လျှောက်လာခဲ့မိသည်။

အခန်းထဲရောက်တော့ အန်တီမေရှိနေသဖြင့်၊

"အန်တီ ... ဂျူးကို ဆရာဝန်ခေါ်လို့.. ၊
ကျွန်တော် ခဏခေါ်သွားမယ်နော်...."

စိုင်းနေ ထိုသို့ပြောကာ ကုတင်ပေါ်တွင် လှဲနေသော
ဂျူးခန္ဓာကိုယ်ကို အပိုင်စီးထားသည့် ဇေသူအား
ပွေ့ချီလိုက်ကာ ဘေးရှိ ဝှီးချဲပေါ်တင်လိုက်သည်။
ဇေသူက ထိုအခြေအနေကို နားမလည်ဟန်နှင့်..

"ဘယ်သွားမလို့လဲ...??"

သူလည်း ရုန်းကန်နိုင်စွမ်းမရှိတာကြောင့်
အလိုက်သင့်ပါလာရသည်။

အပြင်ကိုရောက်တော့မှ....

"မင်း ခန္ဓာကိုယ်ကို တွေ့ပြီ.... ၊
မင်း မြန်မြန် ပြန်ဝင်ဖို့ လိုမယ်...."

"ဟင်... ဘယ်မှာလဲ...??
ကျွန်.. ကျွန်တော် မသေဘူးလား....??"

"မသေဘူး.. မင်းလည်း ကိုမာဝင်နေတာ...."

ခပ်မြန်မြန်ပင် ဇေသူခန္ဓာကိုယ်ရှိရာ အခန်းကို
လျှောက်လာရင်း အခန်းထဲဝင်ခဲ့တော့
ကံကောင်းသည်က ဘယ်သူမှ ရှိမနေသေး... ။

"ဒီမှာ မင်း ခန္ဓာကိုယ်၊
မင်း အခု ချက်ချင်း ဝင်ရမယ်..!
မင်း မြန်မြန် ဝင်မှရမယ်....!"

သူ့ခန္ဓာကိုယ်ကို သူ ကြောင်အစွာ ကြည့်နေသော
ဇေသူ့အား စိုင်းနေ စိတ်မရှည်တော့သဖြင့် ဝှီးချဲပေါ်မှ
ဆွဲမ လိုက်ကာ..

"ဝင်လေ... !!!!"

ကုတင်ပေါ်လှဲလျောင်းနေသော ဇေသူ့ပေါ်သို့
ဂျူးခန္ဓာကိုယ်လေးကို မညာမတာ ပစ်လှဲလိုက်ရင်း
စိုင်းနေ စိတ်တို့လည်း ဂယောက်ဂယက်... ။
ဘယ်လိုပဲ တစ်ခြား လူတစ်ယောက်
ဖြစ်နေဦးတော့ မိမိရှေ့တွင် မြင်နေရတာက
မိမိ၏ ချစ်သူ ဂျူးပဲ မဟုတ်ပါလား...။

စိုင်းနေ တွန်းလိုက်သော အရှိန်နှင့် ကြမ်းပြင်ထက်
လဲကျသွားသော်လည်း ပြန်ထမလာသေးပဲ
ခေါင်းကို ငုံ့ကာ ငိုကျွေးနေသော ထိုသူကို ကြည့်ပြီး
ရင်ထဲ နင့်ခနဲ..။

လရိပ်Where stories live. Discover now