Part-2

4.5K 306 1
                                    

Unicode

ဇေသူ အတွေးတို့နှင့် တစ်ယောက်ထဲ
ယောက်ယက်ခတ်နေချိန်၊ အခန်းထဲတွင်
ကိုကိုဆိုသော လူ တစ်ယောက်သာ နေခဲ့ပြီး
ကျန်သူများ အားလုံးထွက်သွားကြသည်။

ကိုကိုက ဇေသူနှင့် နှစ်ယောက်တည်း စကား
ပြောချင်သည် ဆို၍   ထွက်သွားပေးကြခြင်း
ဖြစ်သည်။ အခန်းထဲ ဘယ်သူမှ မရှိတော့ မှ...၊
သူက ဇေသူ့အနား တိုးကပ်လာကာ.. ၊
ခက်ထန်မာကျောသော မျက်ဝန်းများနှင့်
ဇေသူအား စိုက်ကြည့်ရင်း...

"မင်းက ဘယ်သူလဲ...?"

မေးခွန်းများစွာနှင့် ကူကယ်ရာမဲ့နေသော
မိမိအား မေးခွန်းထပ်မံ မေးခံလိုက်ရတာကြောင့်
ဇေသူ ဘာပြန်ပြောရမှန်းတောင်  မသိတော့..။

သူက ဇေသူရဲ့ လက်မောင်းနှစ်ဖက်ကို
ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လိုက်ကာ ....

"ဖြေလေ...!
မင်းက ဂျူး မဟုတ်ဘူးဆိုရင်
မင်းက ဘယ်သူလဲ..?
ငါ့ကို သေချာ ရှင်းရှင်းလင်းလင်းပြော...."

ထိုသူ၏ လေသံတို့ တစ်စထက် တစ်စ
ပို၍ မာထန်လာသည်။
ဘာတွေ ဘယ်လိုဖြစ်နေတာလဲ.... ?

"ကျွန်.. ကျွန်တော့် နာမည်က ဇေသူဇော်...၊
ကျွန်တော် မနက်က  ကျွန်တော့် အမေနဲ့
စကားများပြီး ကားအက်စီးတန့်
ဖြစ်တယ်ထင်တယ် ၊ ဘာလို့ ဒီလိုဖြစ်နေတာလဲ
ကျွန်တော်လဲ မသိဘူး...."

ဇေသူ တုန်လှုပ်စွာ ဖြေလိုက်မိတော့..

"မင်းအခုဝင်နေတဲ့ ခန္ဓာကိုယ်က
ငါ့ချစ်သူ ဂျူးရဲ့ ခန္ဓာကိုယ်..၊
သူ လွန်ခဲ့တဲ့ ခြောက်လတည်းက
ကားအက်စီးတန့်ဖြစ်ပြီး
ကိုမာ ဝင်နေတာ..."

ထိုသူရဲ့ စကားသံတို့က ဝမ်းနည်းရိပ်များ
သမ်းနေသလို  သူ၏ မျက်ဝန်းတို့ကလည်း
မတည်ငြိမ် လှုပ်ခတ်နေသည်။

ဒါဆို ငါက မိန်းမတစ်ယောက်ဖြစ်သွားတာ
မဟုတ်ပဲ၊ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ
ရောက်နေတယ် ဆိုတဲ့ သဘောလား..?။
ဇေသူ ကြက်သီးတို့ ထသွားရသည်။

ငါ... ငါက... ဘာလို့လဲ...?

"ခင်ဗျား ကျွန်တော့် အိမ်ကို
ခဏလိုက်ပို့ပေးပါလား..?
ကျွန်တော့် အမေနဲ့ တွေ့ဖို့လိုမယ်"

လရိပ်Dove le storie prendono vita. Scoprilo ora