Part-22

2.9K 226 0
                                    

Unicode

"ကိုစိုင်းနေ လာပြီလား...?"

ဆေးရုံခန်းထဲ ဝင်ဝင်လာခြင်း.. ၊ ဝှီးချဲပေါ်
ရောက်နေသော ဇေသူက သူ့လက်နှင့် ဝှီးချဲ
ဘီးတွေကို လှိမ့်ကာ စိုင်းနေဆီသို့ ရောက်လာပြီး.....

"ကိုစိုင်းနေ လာခဲ့..၊
ဒီမှာ ထိုင်... ကျွန်တော် ခင်ဗျားကို
ကော်ဖီ ဖျော်တိုက်မလို့..."

ဇေသူက.. စိုင်းနေအား
ခုံတွင် အတင်းထိုင်ခိုင်းပြီး....

"ခင်ဗျားကြိုက်တဲ့ Latte ကို
ကျွန်တော်ကောင်းကောင်းကြီး
ဖျော်တတ်တယ်..."

ဇေသူက စားပွဲနားသို့ ဝှီးချဲလေး လှိမ့်သွားရင်း၊
ကော်ဖီဖျော်စက် တစ်လုံးနှင့် အလုပ်ရှုပ်
နေလေသည်။ ဒီကောင်လေး ၊ ဒီနေ့တော့
သွက်သွက်လက်လက်နှင့် အရင်လို
ပြန်ဖြစ်လာလေပြီ။ သူ့ လှုပ်ရှားမှုများကို
စိုင်းနေ ပြုံးကာ လိုက်ကြည့်နေရင်း....

"လမ်းက မလျှောက်နိုင်သေးဘူးလား..?."

"လျှောက်နိုင်တော့မှာပါ၊
ခြေထောက်ကို အရမ်း အားပြုလို့
မရသေးတာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ရင်
မကြာခင် လျှောက်နိုင်တော့မှာ....."

ဇေသူ့စကားကို စိုင်းနေခေါင်းတညိတ်ညိတ်နှင့်
နားထောင်နေရင်း... ပြုံးလိုက်မိသည်။

ဒီကောင်လေးဆီကို တစ်ပတ်ကို လေးရက်
လောက် နေ့လည်ပိုင်း အားတာနှင့်
ထွက်လာဖြစ်သည်။ ထိုသို့ အမြဲ လာနေကြ
ဖြစ်နေလို့လားမသိ၊ သူကလည်း မျှော်နေပုံရသည်။

"ကော်ဖီဖျော်စက်ကြီး ၊
ဆိုင်က ယူထားတာလား....?"

စိုင်းနေမေးတော့ ဇေသူက လက်ထဲတွင်
ကော်ဖီလေးတစ်ခွက်ကိုင်ရင်း.... စိုင်းနေဆီ
ဘယ်လို လာရမလည်း စဉ်းစားနေပုံရသည်။

စိုင်းနေလည်း ထိုင်နေရာမှ ထကာ
သူ့ဝှီးချဲလေးအား စိုင်းနေ ထိုင်သည့်ရှေ့က
စားပွဲနားသို့ တွန်းပေးလိုက်သည်။

သူက စားပွဲပေါ်သို့ ကော်ဖီခွက်ကို ချကာ.....

"ထိုင်... သောက်ကြည့်...."

စိုင်းနေ ထိုင်လိုက်ပြီး ကော်ဖီကို ယူသောက်
လိုက်စဉ်တွင်၊ ကော်ဖီအရသာမှာ ၊ ဇေသူ့အမေ
ဖွင့်ထားသည်ဆိုသော dream ဆိုသည့်
ကော်ဖီဆိုင်က အရသာနှင့် တစ်ထပ်ထဲပင်။
ထိုကော်ဖီက မည်သည့်ဆိုင်ကကော်ဖီိနဲ့မှ
မတူတာကြောင့် စိုင်းနေ ထိုဆိုင်တွင်
အမြဲ သွားသောက်ဖြစ်ခဲ့သည်။

လရိပ်Where stories live. Discover now