Part-28(the end)

7.8K 466 36
                                    

Unicode

ဆေးရုံခန်းလေးထဲတွင် မီးအလင်းရောင်တို့
မရှိသော်လည်း၊ လပြည့်ညတွင် သာနေသော
လ၏ အလင်းရောင်က ပြတင်းပေါက်မှ
တိုးဝင် ဖြာကျနေခဲ့သည်။
ထိုလရောင်အားကိုးနှင့် လူနာကုတင်ပေါ်တွင်
ငြိမ်သက်စွာ အိပ်ပျော်နေသာ ဇေသူ၏
မျက်နှာလေးအား စိုင်းနေ သေချာစွာ
မြင်နေရသည်။

ကုတင်ဘေးတွင် ထိုင်ရင်း သူ့လက်လေးကို
ဆုပ်ကိုင်ကာ သူ့မျက်နှာလေးအား၊
အကြာကြီး ငေးကြည့်နေမိသည်။

နောက်မှ ရလာခဲ့တဲ့ နောင်တတွေ အကြောင်းကို
စိုင်းနေ မတွေးချင်။ တစ်ချိန်က မိမိ သိပ်ချစ်ခဲ့ရတဲ့
ချစ်သူ အမျိုးသမီး လေးကို ငဲ့ရင်း၊ ဒီကောင်လေးကို ဒဏ်ရာတွေ ပေးမှန်း မသိ ပေးနေခဲ့မိသည်။

သူကတော့ စိုင်းနေရဲ့ ကောင်းခြင်း
ဆိုးခြင်းကို ကျေနပ်စွာ ခံယူရှာသည်။
သူ စိုင်းနေကို ဘယ်လောက်ထိ ချစ်လည်း
စကားတွေနဲ့ ဖော်ကျူးနေစရာမလို
အောင် ပေါ်လွင် နေခဲ့တယ်။

ဇေသူရယ်...
ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့ကွာ...။

စိုင်းနေ သူ့လက်လေးအား ခေါင်းအပ်ကာ
မျက်ရည်တို့ ကျလာမိသည်။
သူ့ အတွက် ပျော်ရွှင်မှုတွေ
အများကြီး ပေးချင်သေးသည်။

"ကိုစိုင်းနေ...."

ဖျော့တော့စွာ ထွက်ပေါ်လာသော သူ၏
အသံလေးကြောင့် စိုင်းနေ မျက်ရည်တို့ကို
လျှင်မြန်စွာ သုတ်လိုက်ပြီး သူ့အား မော့ကြည့်ကာ.

"ဇေသူ...? "

"ကျွန်တော် dream ကို
ခဏလောက်ဖြစ်ဖြစ် သွားချင်သေးတယ်၊ "

Dream ကော်ဖီဆိုင်လေးကို
သူ သတိရနေသည်ထင်သည်။
စိုင်းနေ ခေါင်းကို ညိတ်လိုက်ကာ..

"အင်း...မနက်ဖြန်ကျရင်
ကို လိုက်ပို့ပေးမယ်..."

"တကယ်နော်..."

စိုင်းနေ ခေါင်းညိတ်လိုက်ပြီး....

"တကယ်... ခုတော့ ပြန်အိပ်တော့၊
အိပ်ရေးဝမှ မနက်ဖြန် သွားလို့
အဆင်ပြေမှာလေ..."

"ဟုတ်..."

..............

Dream ကော်ဖီဆိုင်ထဲ ဝင်ဝင်ခြင်း
"ချွလွင် " ဟူသော အသံ လေးတစ်ခုက
စီးကြိုနေသည်။

လရိပ်Where stories live. Discover now