Part-27

3.6K 250 11
                                    

Unicode

သတို့သမီး ဝတ်စုံလေးနှင့် သိပ်ကို လှပနေသော
ဂျူး​၏ ရှေ့တွင် ကျွန်တော်  အပြုံးတို့နှင့်
ရပ်နေမိချိန်...

"ကိုကို.. ဘယ်လိုလဲ.. လှလား...?"

ဂျူး၏ အမေးကြောင့် စိုင်းနေ
ခေါင်းကို ညိတ်လိုက်ကာ...

"အရမ်းလှတယ်...."

စိုင်းနေစကားကြောင့် သူမပြုံးလိုက်ကာ
သူမကိုယ် သူမ မှန်ထဲ ပြန်ကြည့်နေလေသည်။

ဂျူးနှင့် လက်ထပ်ဖို့ အချိန် သုံးလသာ
လိုတော့သည်။ အရာ အားလူံးလည်း
ပြင်ဆင်ပြီးပြီဖြစ်သလို ဖိတ်စာဝေဖို့ အပိုင်း
တစ်ခုသာ ကျန်တော့သည်။

ဒီနေ့ သူမရဲ့ သတို့သမီး ဝတ်စုံလေးကို
လာရွေးရင်း သူမအတွက် လက်စွပ်လေးပါ
ဝယ်ပေးဖို့ စိုင်းနေ ဆုံးဖြတ်ထားသည်။

"ဂျူး... လက်ထပ် လက်စွပ်
တစ်ခါတည်း လိုက်ကြည့်နော်..."

သူများတွေလို surprise လုပ်ပြီး ပေးချင်
ပါသော်လည်း၊  သူမ မကြိုက်တာ ဖြစ်နေမှာ
စိုးတာကြောင့် ရော၊ဆင်တူ လက်စွပ်
ဖြစ်နေတာကြောင့်ပါ ၊  သူမ စိတ်ကြိုက်
ရွေးဝယ်စေချင်သည်။

"ဟုတ်..."

ဆိုင်သို့ ရောက်တော့ သူမစိတ်ကြိုက်
လက်စွပ်လေး ရွေးနေစဉ် စိုင်းနေ
အနောက်မှ လိုက်ပေးရင်း ၊

"ဇေသူဇော်လေး ကလေ..?..."

အနောက်မှ အမျိုးသမီး တစ်ယောက်၏
ဖုန်းပြောနေသော အသံကို ကြားလိုက်
ရတာကြောင့် စိုင်းနေ ခြေလှမ်းတို့
တုံ့ခနဲ ရပ်သွားသည်။ ဂျူးကလည်း
ကြားလိုက်ပုံရကာ၊ စိုင်းနေအား
မော့ကြည့်လာသဖြင့် ၊  မိမိကိုယ်ကို
ပြန်ထိန်းလိုက်ကာ  မသိသလို
နေလိုက်မိသော်လည်း၊

"ဟုတ်လား...၊
အခြေအနေ တော်တော်ဆိုးလား....?"

ထပ်မံကြားလိုက်ရသော စကား ...

"ဟယ် ..၊ သနားပါတယ်၊
ဆေးရုံက ဆင်းထားတာတောင်
မကြာသေးဘူး....၊ "

ထိုအမျိုးသမီးပြောနေသည်မှာ ဇေသူ
မဖြစ်ပါစေနှင့်ဟု  ဆုတောင်းမိသော်လည်း။

လရိပ်Where stories live. Discover now